သီကီးရ်ရေလှောင်တမံ

Listing Description

ချင်းပြည်နယ် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာအနီးတွင် တည်ရှိသည်။ မြေသားတမံအမျိုးအစားဖြစ်ပြီး ၂ဝ၁၆ ခုနှစ်ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၃) မှ တာဝန်ယူ၍ သီကီးရ်ချောင်းတွင်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ တမံအလျားပေ ၅ဝဝ နှင့် တမံအမြင့် ၇၅ ပေရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏမှာ ၁၃၆၅ ဧကပေဖြစ်သည်။ ရေထုတ်ပြွန်အမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ပြီး အလျား ၃၆၅ ပေ၊ အရွယ်အစားအားဖြင့် အချင်းသုံးပေ (Glass-fibre Reinforced Pipe) Ogee Type ရေပိုလွှဲအမျိုးအစားဖြစ်ပြီး အလျား ၄၁၅ ပေ၊ အကျယ် ပေ ၂ဝ၊ ဆည်ရေပေးဝေနိုင်မည့်ဧရိယာ ဧက ၅၅ဝ ဖြစ်သည်။ သီကီးရ်ရေလှောင်တမံစီမံကိန်း၏ ဆည်ရေသောက်စနစ်မှာ တောင်ပေါ်ဒေသဖြစ်၍ တူးမြောင်းစနစ်ဖြင့် ရေပေးဝေခြင်းအစား ပိုက်စနစ်ဖြင့်စိုက်ပျိုးရေပေးဝေခြင်းဖြစ်သည်။