မေမေဝင်း (၁၉၀၈-၁၉၈၁)

Listing Description

သရုပ်ဆောင်နှင့် အငြိမ်မင်းသမီးတစ်ဦးဖြစ်သူ မေမေဝင်းကို မအူပင်မြို့နယ်၊ မလက်တိုရွာ၌ ဦးဖိုးစိန်၊ ဒေါ်အေးခင်တို့မှ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခင်မြမြ ဖြစ်သည်။

ငယ်စဉ်ကပင် ယူနိုက်တက်အတ်တစ် ကုမ္ပဏီမှ ထုတ်ပြီး ဒါရိုက်တာ ဆရာခန့် ရိုက်သော ဒိတ်ဒိတ်ကြဲ ဇာတ်ကားတွင် စပါသည်။ မြန်မာအဆွေ အေဝမ်းရုပ်ရှင်နှင့် လက်တွဲပြီးနောက် အေဝမ်းမြမြ အမည်နှင့် ညဉ့်ဦးယာမ်၊ စိမ်းရွှေရွှေ၊ ဒွေးညီနောင်၊ အောင်ပင်လယ်၊ သံခမောက် စသည့် ဇာတ်ကားများတွင် ပါဝင်သည်။

ဗြိတိသျှဘားမား ကုမ္ပဏီက အသံထွက်ကားများ ရိုက်ရန် မင်းသမီးရှာရာ ဗြိတိသျှဘားမားသို့ ကူး၍ မေမေဝင်း အမည်နှင့် သရုပ်ဆောင်သည်။ [၁] ခေတ်ဆန်သူ ကို ရိုက်သည်။

ညွန့်မြန်မာ ရုပ်ရှင် (ယခင် ဗြိတိသျှဘားမား) ထုတ် ဒါရိုက်တာ ချန်ထွန်း ရိုက်သည့် အချစ်ဆုံး နှင့် ဗိုလ်အောင်ဒင် ဇာတ်ကားတို့မှာ အထူးအောင်မြင်သည်။

သရုပ်ဆောင်သော ဇာတ်ကားများ

ဒိတ်ဒိတ်ကြဲ

ညဉ့်ဦးယာမ် (၁၉၃၃)

စိမ်းရွှေရွှေ (၁၉၃၄)

ဒွေးညီနောင် (၁၉၃၄)

အောင်ပင်လယ် (၁၉၃၄)

သံခမောက် (၁၉၃၅)

ခေတ်ဆန်သူ (၁၉၃၆)

ပန်းစေတီ

နေနှင့်လ

တော်လေးဝ

ဒို့အမျိုး

ရံရွေတော်

လောကီပညာ

အချစ်ဆုံး (၁၉၃၉)

ဗိုလ်အောင်ဒင် (၁၉၄၀)

သားဗိုလ်အောင်ဒင် (၁၉၅၅)

အငြိမ့်မင်းသမီး

ဒုတိယကမ္ဘာစစ်အတွင်း ဇာတိ မလက်တိုရွာသို့ စစ်ရှောင်သည်။ စစ်ပြီးနောက် စိန်အောင်မင်း၏ ဇာတ်နှင့်လိုက်ကာ ရှေ့ပိုင်းပြဇာတ်များတွင် ဝင်ကသည်။

ငယ်စဉ်ကပင် ရဲအရာရှိ ဦးမောင်ဝင်းနှင့် အိမ်ထောင်ကျကာ ရန်ကုန်ရောက်လာခြင်း ဖြစ်သည်။ သမီး ဘေဘီဝင်းကို ဦးမောင်ဝင်းနင့် ရသည်။

၁၉၈၁ ခု၊ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတရက်တွင် ရန်ကုန်၌ ကွယ်လွန်သည်။