လပွတ္တာ(ပင်လယ်လေး)တံတား

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လပွတ္တာ - မြောင်းမြ - အိမ်မဲ - ကျောင်းကုန်း - ကျုံပျော် လမ်းပေါ်တွင် တည်ရှိပြီး ပင်လယ်လေးမြစ်ကို ဖြတ်ကူးတည်ဆောက်ထားသည်။ မူလကြိုးတံတားဟောင်းမှာ ခံနိုင်ရည်ဝန်အား ကျဆင်းလာသဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပြီး ရေလည်တိုင်များ ထည့်သွင်းကာ တံတားအပေါ်ထည် ပင်မတံတား (Steel Box Girder) နှင့် သံကူကွန်ကရစ်၊ RC ဘိုးပိုင်တို့ကို အသုံးပြုတွဲဖက်၍ တည်ဆောက်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြီးစီးခဲ့သည်။ တံတားအရှည် ၁၃၀၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊  လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၂၉ ပေ၊  ရေလမ်းကင်းလွတ်အကျယ် ၁၉၂ ပေနှင့် တံတားခွင့်ပြုတန်ချိန် ၆၀ တန်ဖြစ်သည်။