အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဘောဂလိမြို့ရှိ ပလက်ဝတံတားဖွင့်ပွဲ တက်ရောက်

Listing Description

သံတောင်ကြီး ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီး မြို့နယ်‌ ဘောဂလိမြို့ ပြောင်သိုကျေးရွာအုပ်စုရှိ ပလက်ဝတံတားဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ် ပေးသည်။

ရှင်းလင်းပြောကြား

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာ စကားပြောကြားပြီး ရွှေစွမ်းအင်ကုမ္ပဏီ ဒါရိုက်တာ ဦး‌ဇော်ဝင်းက တံတားတည်ဆောက် ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြား သည်။

ထို့နောက် ပလက်ဝတံတား သံတောင်-ပလက်ဝလမ်းပိုင်း၊ ရှောင်ကွင်းလမ်း ၄(၁/၂) မိုင်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ရွှေစွမ်းအင်ကုမ္ပဏီမှ ဒါရိုက်တာဦးဇော်ဝင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းလင်းထံ ပေးအပ်ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့က တံတားကမ္ပည်းကျောက်စာ အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ ရွှေစွမ်းအင်ကုမ္ပဏီတာဝန်ခံ ဦးဝင်းမောင် တို့က ပလက်ဝတံတားအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။

ယခင်က သံတောင်မြို့မှ ဘောဂလိမြို့သို့ သွားရာတွင် ပလက်ဝချောင်း ကို ဇက်ဖြင့်ကူးကာ သွားလာခဲ့ရပြီး ယခုအချိန်တွင် တံတားတည်ဆောက်ပြီး ဖြစ်ရာ ဘောဂလိမြို့ပေါ်နှင့် ကျေးရွာအုပ်စု ၁၅ အုပ်စု၊ ကျေးရွာ ၈၂ ရွာအတွက် ဒေသထွက်ကုန်များ၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများ သွားလာရေး လွယ်ကူ လျင်မြန်စေပြီး ဒေသခံပြည်သူများအတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

အဆိုပါပလက်ဝတံတားကို ရွှေစွမ်းအင်ကုမ္ပဏီနှင့် Asia World Foundation တို့ ပူးပေါင်းတည်ဆောက်ခဲ့ပြီး ကွန်ကရစ်သံပေါင်တံတား အမျိုးအစားဖြစ်ကာ တံတားအရှည် ၇၉၈ ပေ၊ အကျယ်ပေ ၃၀၊ အမြင့် ၁၂၃ ပေ နှစ်လမ်းသွားဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)