ညောင်ဦးဖီးကျွန်း

Listing Description

ညောင်ဦးဖီးကျွန်းသည် တနင်္သာရီတိုင်းဒေသကြီး တောင်ဘက်စွန်းမြိတ်ကျွန်းစုများထဲမှ ကျွန်းပေါင်း ၈၀၀ ကျော်တွင် အလှအပဆုံးကျွန်းတစ်ကျွန်း ဖြစ်ပြီး ကော့သောင်းမြို့မှ တစ်ဆင့် သွားရောက်လည်ပတ်နိုင်ပါသည်။ ကော့သောင်းမြို့နှင့် ရေမိုင် ၄၂မိုင် အကွာအဝေးတွင် တည်ရှိသည်။ ထိုကျွန်းသို့သွားသည့်လမ်းတလျှောက်တွင်  ဇာဒက်ကြီး၊ ဇာဒက်ကလေး နှင့် တခြားကျွန်းများကို ကျော်ဖြတ်သွားရမည်ဖြစ်ပြီး Speed boat နှင့် သွားလျှင် ၁၅မိနစ်ခန့်ကြာမြင့်မည်ဖြစ်ပါသည်။ ထိုကျွန်းပေါ်တွင် ဖြူဖွေးသောသဲသောင်ပြင် ၊ ရေပေါ်ရေအောက်ရှုခင်းများနှင့် သန္တာကျောက်တန်းများ၏ အလှအပများကို ခံစားကြည့်ရှုနိုင်မည်ဖြစ်ပါသည်။