လှိုင်သာယာတွင် ကုတင် ၁၀၀၀ ဆန့် ကွာရန်တင်းစင်တာ တည်ဆောက်နေ

Listing Description

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ကုတင် ၁၀၀၀ ဆန့် ရန်ကုန်တိုင်းအဆင့် ကွာရန်တင်းစင်တာ တစ်ခု တည်ဆောက်နေပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မူဇုန်ထဲက ယောမင်းကြီးအိမ်ယာထဲမှာ တည်ဆောက်နေတာပါ။

စက်မူဇုန်ထဲက စက်ရုံလုပ်သားတွေအတွက် ကုသရေးနဲ့ ကွာရန်တင်းထားဖို့အတွက် ရည်ရွယ်တယ်လို့ လှိုင်သာယာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးတာဝန်ခံ ဦးဇေကိုကိုက ဒီဗွီဘီကို ပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ ကိုဗစ်ဒုတိယလှိုင်းမှာ ရောဂါကူးစက်မှု များပြားခဲ့ပြီး ရန်ကုန်တိုင်းထဲက ကူးစက်ခံရမှု အများဆုံးမြို့နယ်ထဲမှာ ပါနေတာပါ။

လက်ရှိအချိန်မှာ လှိုင်သာယာမြို့နယ်ထဲက ပြည်သူတချို့ဟာလည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စည်းကမ်းတွေကို လိုက်နာမှုအားနည်းတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ မြို့နယ်ဆေးရုံနဲ့ စာသင်ကျောင်းအပါအဝင် မြို့နယ်အဆင့် ကွာရန်တင်းစင်တာ ၄ ခု ဖွင့်လှစ်ထားပြီး  အခုတည်ဆောက်နေတဲ့  တိုင်းအဆင့် စစ်တာနဲ့ပါဆိုရင် ၅ ခု ရှိပါတယ်။

DVB News