ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်

Listing Description

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University) သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် တည်ရှိပါသည်။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ ၂၂၀.၃၂ ဧကရှိသည်။ ဤတက္ကသိုလ်အား ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဒုတိယ နယ်မြေတစ်ခုအဖြစ် ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ နောက်ပိုင်း ၂၀ဝ၅ ခုနှစ် ဒီဇင်ဘာလ တွင် YTU Campus အဖြစ်မှ လက်ရှိခေါ်တွင်သော ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University; WYTU) အဖြစ်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၎င်းတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ဘွဲ့လွန် များအား အင်ဂျင်နီယာ နည်းပညာနယ်ပယ် အသီးသီးအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး ယခုအခါတွင် နယ်ပယ်အသီးသီး၌ ပျမ်းမျှခန့်မှန်း ကျောင်းသား၊ ကျောင်းသူ အရေအတွက် အယောက် ၁၀၀၀ ခန့်တက်ရောက် ပညာသင်ကြားလျက်ရှိသည်။ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပေးအပ်သောဘွဲ့များမှာ မဟာအင်ဂျင်နီယာဘွဲ့ (Master of Engineering)၊ အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering)၊ ဗိသုကာဘွဲ့ (Bachelor of Architecture) တို့ဖြစ်ပါသည်။