ကိုဗစ်-၁၉ အလွန်ကာလ၌ ပလင်းကမ်းသာယာ ဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆင့်မြှင့်တင်

Listing Description

နေပြည်တော်     ဒီဇင်ဘာ    ၂၂

မန္တလေးတိုင်းဒေသကြီး    ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ      ကားလမ်းမကြီးဘေး အနောက်    ပုလင်းကျေးရွာအနီး    ဧရာဝတီ မြစ်ကမ်းဘေး၌    သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်   ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းမှ    ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာ             ဆင်စခန်းကို ကိုဗစ်-၁၉   ရောဂါ       အလွန်ကာလ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆင်ချစ်သူပြည်သူ များ ဆန်းသစ်မှုများစွာဖြင့် စိတ်အပန်းဖြေ နားနေနိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ် ထားကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်း အဆင့် မြှင့်တင်မှုများ  ပြုလုပ်နေမှုအခြေအနေများ နှင့်စပ်လျဉ်း၍       ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက    “ဆင်စခန်း ပိတ်ထားတဲ့ ကိုးလအတွင်းမှာ  လာရောက်လည်ပတ်ကြ မယ့်   ပြည်သူတွေ  အပန်းဖြေနားနေနိုင်ဖို့နဲ့ ဧရာဝတီမြစ်ကမ်းဘက်ကို    လေညင်းခံ ရှုခင်းကြည့်လို့ရအောင်     တံတားလည်း တည်ဆောက်ထားပါတယ်။ အဲဒီတံတားကို လာရောက်လည်ပတ်တဲ့သူတွေ ထိုင်ပြီးတော့ ရှုခင်းကြည့်လို့ရအောင်       ထိုင်ခုံတွေကို ဆောက်လုပ်ထားပါတယ်။ တံတားပေါ်ကနေ ဧရာဝတီမြစ်ရဲ့      အလှအပတွေကို     ရှုမျှော် ခံစားရင်း    ဓာတ်ပုံရိုက်လို့ရမယ့်နေရာတွေ ဆောက်လုပ်ထားပါတယ်။  တံတားအဝင်ဝ မှာလည်း  ပုဂံသူ၊  ပုဂံသားရုပ်တုနဲ့  မုခ်ဦးကို လုပ်ထားတယ်။ လေညင်းခံတံတားဘေးမှာ အပင်တွေနဲ့ချိတ်ဆက်ပြီး အမြင့်ကနေ ရှုခင်း တွေကြည့်လို့ရတဲ့ နားနေဆောင် Treehouse ကိုလည်း ထပ်မံတိုးချဲ့ တည်ဆောက်ထားပါ တယ်။ အရင်ကတည်းက ရှိခဲ့တဲ့ နားနေဆောင် နဲ့ နားနေတဲတွေကိုလည်း အမိုး၊အကာ၊ အခင်း တွေ   လဲလှယ်ပြီးတော့   အဆင့်မြှင့်ထားပါ တယ်” ဟု ပြောသည်။

“ဆင်ပြတိုက်ကို လေ့လာတဲ့အခါမှာ ပိုမို ပြည့်စုံမှုရှိအောင် အာဖရိကဆင်နဲ့ အာရှဆင် တွေအကြောင်း  လေ့လာနိုင်အောင် စီစဉ်ထား တဲ့အပြင်    ဆင်စွယ်အစစ်တွေဖြစ်တဲ့   သပိတ် ပိုက်ဆင်စွယ်ပုံ၊         စွယ်တုတ်ဆင်စွယ်ပုံ၊ စွယ်ကားနဲ့ စွယ်စိုက်ဆင်စွယ်ပုံတို့ကိုလည်း ပြသထားပါတယ်။    လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေမှာ     ကလေးတွေပါလာခဲ့ရင် ကလေးတွေဆော့ကစားဖို့ ကလေးကစားကွင်း နဲ့    ဥယျာဉ်တို့ကိုလည်း  ထပ်မံတိုးချဲ့ထားပါ တယ်။ ဆင်စခန်းရောက်တဲ့အခါ ဆင်တွေနဲ့ ပတ်သက်ပြီး    ဓလေ့ရိုးရာအရ    ကိုးကွယ်တဲ့ ဥတေနနတ်နန်းကိုလည်း      ရိုးရာနဲ့အညီ သေသေချာချာ ပြန်ပြီးတော့ တည်ဆောက်ထား တယ်။ ကျွန်တော်တို့ ဆင်စခန်းကို ပြန်လည် ဖွင့်လှစ်တဲ့အခါမှာလည်း      ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက     ထုတ်ပြန်ထားတဲ့   ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းချက်တွေနဲ့ အညီဖြစ်ဖို့ ကြိုတင်စီမံဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဆင်စခန်းတွင် ဆင်ခုနစ်ကောင် ရှိပြီး  ဝင်းကြေးအဖြစ် ပြည်တွင်းဧည့်သည် တစ်ဦး   ငွေကျပ်  ၁၀၀၀  နှင့်   ပြည်ပဧည့်သည်  တစ်ဦး ငွေကျပ်  ၁၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။    လာရောက်လည်ပတ်အပန်းဖြေ ကြမည့်ခရီးသွားဧည့်သည်များ ဆင်စီးမည် ဆိုပါက ပြည်တွင်းဧည့်သည် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀  နှင့်  ပြည်ပဧည့်သည်တစ်ဦး လျှင်    ငွေကျပ်   ၁၀၀၀၀ သတ်မှတ်ထား ကြောင်း  သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ် ၂၅ ရက်က စ၍ ယာယီ ပိတ်ထားရပြီး ကိုဗစ်ကာလအတွင်း ဆင်ချစ်သူပြည်သူများက ဆင်များကို အာဟာရထောက်ပံ့သည့် အနေဖြင့် မွေးနေ့အထိမ်းအမှတ်နှင့် မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်တို့တွင် Online   မှတစ်ဆင့် ဆင်စာ ဘူဖေးကျွေးမွေးလှူဒါန်းမှုအကြိမ် ၁၃၀ ကျော်လှူဒါန်းခဲ့ပြီး ယခင်ဆင်စခန်း ဖွင့်လှစ်ထားသည့် ကာလထက် ယခုဆင်စခန်း ပိတ်ထားသည့်ကာလတွင် ဆင်ဘူဖေး ကျွေးမွေးလှူဒါန်းမှု ပိုမိုများပြား လာကြောင်း သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းကို ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီအချိန်က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အနေဖြင့် ပုဂံညောင်ဦးရှိ အထင်ကရ တန်ခိုးကြီးဘုရား စေတီပုထိုးများကို ဖူးမြော်ပြီး  ဆင်စခန်းသို့ ဝင်ရောက်လေ့လာ အပန်းဖြေအနားယူကြကြောင်းနှင့်  မြန်မာ့ သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း ၂၂ ခုအနက် ပလင်းကမ်းသာယာ ဆင်စခန်းသည် ဧည့်သည်ဝင်ရောက်မှု အများဆုံးဆင်စခန်းဖြစ်ကြောင်း သိရသည်။

သတင်းဓာတ်ပုံ-မျိုးမင်းကို