ကလိန်တောင်

Listing Description

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ၂၅ မိုင်အကွာတွင် တည်ရှိသည်။ တောင့်အမြင့် ၅၉၆ ပေရှိပြီး ဤတောင်ရှိမြေမှာ မင်္ဂလာမြေ ခုနစ်မျိုးဝင်တစ်ခုဖြစ်သည်ဟု သိရသည်။ ကလိန်တောင် တည်ရှိနေသောကျွန်းသည် တောင်မြောက် သုံးမိုင်နီးပါးမျှ ရှည်လျားပြီး ကျွန်းအကျယ်အဝန်း နှစ်မိုင်ရှိသည်။ ဤတောင်ပေါ်၌ ရှေးအခါက ကလိင်္ဂရှင်ရသေ့ သီတင်းသုံးခဲ့၍ ကလိန်တောင်ဟု အမည်တွင်ခြင်းဖြစ်သည်။ ကလိန်တောင်၌ သဘာဝကျောက်ဆောင်၊ ကျောက်ကလပ်များမှာ အထူးလှပတင့်တယ်စွာတည်ရှိပြီး မြစ်ပြင်ကျောက်တုံးများပေါ်တွင် တည်ထားကိုးကွယ်သော စေတီတော်များ၊ သဘာဝကျောက်ရေတွင်းများ၊ ကျောက်ဆောင်တောင်တန်းများနှင့် ပင်လယ်ပြင် အလှတို့ကို ကြည့်ရှုခံစားနိုင်သည်။