ခေါင်းဆေးကျွန်း

Listing Description

ခေါင်းဆေးကျွန်းသည်မော်လမြိုင်မြို့ နှင့် မုတ္တမအကြား သံလွင်မြစ်အထ္ထရံမြစ်ဂျိုင်းမြစ်ဒုံသမိမြစ် ဟောင်သရောမြစ် (စန္ဒရောမြစ်)စသည့် မြစ် ၅ ခုတို့စီးဝင်ပေါင်းစုံရာ သို့မဟုတ် သံလွင် အထ္ထရံ ဂျိုင်း ဒုံသမိ မြစ် ၄ စင်း မှ ပင်လယ်သို့ စီးဝင် ပေါင်းဆုံရာ မြစ် ၅ ပွင့်ဆိုင်တွင် တည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်သည်။ ခေါင်းဆေးကျွန်းကို ရှေးအခါက အောင်မြေကျွန်း၊ ပတ္တမြားကျွန်း၊ ရတနာကျွန်း၊ မြစ်ဦးခိုက်ကျွန်း၊ ပဒေသာကျွန်း၊ အဗန္ဓရကျွန်း၊ ငွေယားကျွန်း၊ သိုက်ပေါင်းစုံကျွန်း၊ သင်္ကြန်ကျွန်း၊ ပွန်စလိုင်၊ ခေါင်းဆေးကျွန်း၊ ကျီးကျွန်း (crow island) ဟူ၍ အမည်အမျိုးမျိုးဖြင့်ခေါ်ခဲ့ကြသည်ဟု သိရသည်။ ကျွန်း၏ အနောက်တောင်အရပ်တွင် နတ်ရေတွင်း ရှိပါသည်။ ခေတ်အဆက်ဆက် မွန်ဘုရင်များ သာမက မြန်မာဘုရင်များ၊ ယိုဒယားဘုရင်များသည် ဤခေါင်းဆေးကျွန်းရှိ နတ်ရေတွင်းမှရေဖြင့် ဦးခေါင်းဆေးမင်္ဂလာပြုခဲ့ကြပါသည်။