ခေါင်လန်ဖူးမြို့နယ်၌ ဆန္ဒမဲလက်မှတ်များ ရေတွက်

Listing Description

ခေါင်လန်ဖူး နိုဝင်ဘာ ၉

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဆန္ဒမဲ ပေးသည့်မဲရုံများကို နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီတွင် ပိတ်သိမ်းကြောင်း ကြေညာသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှာ ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြသည်။ ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၂၃ အုပ်စုရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူပေါင်း ၈၉၀၉ ဦးရှိရာ မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆန္ဒမဲ ပေးခြင်းလုပ်ငန်းကို ညနေ ၄ နာရီတွင် ပိတ်သိမ်းပြီးနောက် မဲရုံမှူးများက ဆန္ဒမဲလက်မှတ်များကို အများပြည်သူ ရှေ့တွင် ပွင့်လင်းမြင်သာစွာ ကြေညာရေတွက်ပေးလျက်ရှိကြောင်း သိရသည်။

လုံခြုံအေးချမ်းစွာ

ဆန္ဒမဲပေးအဆိုပါမဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ဆန္ဒမဲများ ပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲများ လာရောက်ပေးကြကြောင်း သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)