ဟင်္သာကုန်းစေတီတော်

Listing Description

ဟင်္သာကုန်းစေတီတော်သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ အထင်ကရဘုရားတစ်ဆူ ဖြစ်သည်။ ရသေ့ကြီးဦးခန္တီသည် နှစ်ပေါင်းကြာမြင့်ပြီဖြစ်၍ ယိုယွင်းပျက်စီးနေသော သမလ မွန်မင်းတည်ထားကိုးကွယ်တော်မူခဲ့သည့် ကျတ်သုဝဏ္ဏဟံသာစေတီတော် ကို အသစ်ပြန်လည်တည်ထားကိုးကွယ်တော်မူခဲ့ရာ  ဟင်္သာကုန်းစေတီတော် ဟူ၍ ထင်ရှားပါသည်။ ဦးခန္တီသည် ခရစ်သက္ကရာဇ် (၁၉၂၃)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၂၈၆)ခုနှစ် တွင် ဟင်္သာကုန်းဘုရားကို တည်ခဲ့ပြီး  ရွှေမော်ဓောစေတီသို့လည်း သံစောင်းတန်းကြီးဖြင့်ဆက်သွယ်ပေးခဲ့သည်။