ကမ္ဘောဇသာဒီနန်းတော်

Listing Description

ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင်တည်ရှိသည့် မြန့်မာ့သမိုင်းတွင် အရေးပါထင်ရှားသည့် အဆောက်အအုံတစ်ခုဖြစ်သည်။ ကေတုမတီ(တောင်ငူ)တွင် နန်းစံခဲ့သည့် တပင်ရွှေထီး သည် ၁၅၃၉ ခုနှစ်တွင် ဥဿာပဲခူးကို အနိုင်ယူခဲ့ပြီးနောက် မင်းနေပြည်တော်ကို တောင်ငူမှ ပဲခူးသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၅၅၁ ခုနှစ်တွင် ဘုရင့်နောင်သည် ဥဿာပဲခူးထီးနန်းကို ဆက်ခံခဲ့ကာ ကမ္ဘောဇသာဒီနန်းတော်အနီးတွင် မြို့သစ်တည်ထောင်၍ နန်းတော်ကို စီရင်ဆောက်လုပ်ခဲ့သည်။ နန်းသစ်တည်ရာတွင် မြို့တံခါး ၂၀ ပါဝင်ပြီး နန်းသစ်၏ ဧရိယာမှာ စတုရန်းအတာ ၃၄၀၀ ရှိပါသည်။ ၁၅၈၂ ခုနှစ် အောက်တိုဘ ၃၀ ရက်တွင် ဘုရင့်နောင် နတ်ရွာလားခဲ့ပြီးနောက် သားတော် နန္ဒမင်းသားက ထီးနန်းကို ဆက်ခံခဲ့ပါသည်။ နန္ဒဘုရင်လက်ထက် ၁၅၉၈ ခုနှစ်တွင် တောင်ငူဘုရင်မင်းရသီဟသူနှင့် ရခိုင်ဘုရင်မင်းဗာကြီးတို့ ပူးပေါင်း၍ ဟံသာ၀တီကို တိုက်ခိုက်အောင်မြင်ခဲ့ကြပြီးနောက် ဟံသာ၀တီ မင်းနေပြည်ကို မီးရှို့ခဲ့သဖြင့် ကမ္ဘောဇသာဒီ နန်းတော်ကြီးသည် မီးလောင်ပျက်စီးကာ ကွယ်ပျောက်သွားခဲ့သည်။ နှစ်ပေါင်း (၄၀၀) ကျော် မြေအောက်တွင်နှစ်မြုပ်နေသော ကမ္ဘောဇသာဒီနန်းတော်ကြီး ပြန်လည်တူးဖော်မှုကို ၁၉၉၀ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘောဇသာဒီနန်းတော် ပုံစံတူပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးက တာဝန်ယူတည်ဆောက်၍ မြန်မာမှုလုပ်ငန်းများကို မြန်မာမှုပညာရှင် တမ္ပ၀တီဦးဝင်းမောင်က ဦးစီးဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်ရာကြီးကို မူလပုံစံတူ ပြန်လည်တည်ဆောက် ပြသထားပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-11-19 03:09:54

ါါါါ

ါါါါါ