ဧရာဝတီတံတား (ညောင်တုန်း)

Listing Description

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် သောင်တန်းကျေးရွာ(အောက်စု)နှင့် ညောင်တုန်းမြို့နယ် ကျီးကန်းသိုက်ကျေးရွာသို့ ဆက်သွယ်ပေးထားသော ဧရာဝတီမြစ်ကူးတံတား ဖြစ်သည်။ နှစ်လမ်းမောင်း ကားလမ်းနှင့် ရထားလမ်းယှဉ်တွဲပါရှိသည့် သံမဏိသံပေါင် တံတားကြီး ဖြစ်ပြီး ဗိုလ်မြတ်ထွန်းတံတား၏ အထက်ဘက် ပေ ၈ဝဝဝ အကွာတွင် တည်ဆောက် ထားခြင်း ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ပင်မတံတားအုတ်မြစ်မှာ ဘိုးပိုင်သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တံတားတိုင်များမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ တံတားအပေါ်ထည်မှာ သံမဏိသံပေါင် အမျိုးအစား ဖြစ်သည်။ ပင်မတံတားမှာ ၇၄ဝ၂ ပေ ရှည်သည်။ ချဉ်းကပ်တံတား(ကားလမ်း)အနေဖြင့် ပုသိမ်ဘက်ကမ်း ၁၈၃၇ ပေ၊ ရန်ကုန်ဘက်ကမ်း ၁၅၇၅ ပေ စုစုပေါင်း ၃၄၁၂ ပေ ရှည်သည်။ ချဉ်းကပ်တံတား (ရထားလမ်း)အနေဖြင့် ပုသိမ်ဘက်ကမ်း ၆၅၂၉ ပေ၊ ရန်ကုန်ဘက်ကမ်း ၆၆၁၄ ပေ စုစုပေါင်း ၁၃၁၄၃ ပေ ရှည်သည်။ တံတားတစ်စင်းလုံးအနေဖြင့် ပင်မတံတားနှင့် ချဉ်းကပ်ကားလမ်း တံတားအရှည် ၁ဝ၈၁၄ ပေ၊ ပင်မတံတားနှင့် ချဉ်းကပ်ရထားလမ်း တံတားအရှည် ၂ဝ၅၄၅ ပေ ရှည်သည်။ ကားလမ်း အကျယ် ၂၈ ပေနှင့် ရထားလမ်း အကျယ် ၁၄ ပေရှိပြီး လူသွားလမ်း တစ်ဖက်လျှင် သုံးပေစီ ပါရှိသည်။ ရေလမ်းကင်းလွတ်အကျယ် ၂၆၂ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၅၇ ပေရှိသည်။ ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ ၇၅ တန် ဖြစ်သည်။

#ဧရာဝတီမြစ်ကူးတံတား (ညောင်တုန်းတံတား)