YGW Garden

Listing Description

YGW (Yellow Generation Wave) ဥယျာဉ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ညောင်ပင်သာရွာ၊ မြိုင်ကြီးကွေ့၊ မန္တလေး-လားရှိုးလမ်းအနီး တည်ရှိပါသည်။ ဥယျာဉ်ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မိဘမဲ့ကလေးများ အလုပ်အကိုင်ရရှိရေးနှင့် ကူညီထောက်ပံ့ရေး ရန်ပုံငွေရရှိရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဖွင့်လှစ်ခဲ့သည်ဟု သိရပါသည်။ မိဘမဲ့ကလေးတို့၏ ပညာအရည်အချင်းနှင့် တတ်ကျွမ်းရာဘာသာရပ်ပေါ်လိုက်၍ ဥယျာဉ်အတွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများကို စီမံပေးထားသည်။ အကယ်၍မိဘမဲ့ကလေးတစ်ယောက်အနေဖြင့် မည်သည့်ဘာသာရပ်မှ မသင်ကြားဖူး၊ မလုပ်ဖူးပါကလည်း စိတ်ဝင်စားရာဘာသာရပ်ကို သင်ကြားနိုင်ရေးအတွက် YGN Charity Association မှ အခမဲ့သင်ကြားပေးလျက်ရှိသည်။ ဥယျာဉ်ခြံ အကျယ်အဝန်း ၃.၅ ဧကခန့်ရှိပြီး ခရီးသွားဧည့်သည်များအနေဖြင့် အိမ်ပုကလေးများ၊ Rockဂီတ၏သင်္ကေတ ဆေးမှုတ်နံရံအနုပညာများ၊ အလှပြဆိုင်ကယ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ဥယျာဉ်အတွင်း တစ်စုတစ်ဝေးထဲ တွေ့မြင်နိုင်ပါသည်။ ရုပ်ရှင်ရိုက်ကွင်းများအတွက် ကြိုတင်ငှားရမ်းနိုင်ပြီး ထိုမှရရှိသောအဖိုးအခများကို မိဘမဲ့ကလေးများအတွက် အလုံးစုံ လှူဒါန်းသွားမည်ဟု သိရပါသည်။ ဥယျာဉ်သည် ဝင်ကြေးအခမဲ့ဖြစ်ပြီး ပိတ်ရက်မရှိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သွားရောက်လည်ပတ်နိုင်ပါသည်။