ညောင်ချောင်းသာကမ်းခြေ

Listing Description

ညောင်ချောင်းသာကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရန်ကင်းစံကျေးရွာရှိ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ သဲသောင်ပြင်တွင် သဘာဝအတိုင်း တည်ရှိနေသော ညောင်ချောင်းသာ အပန်းဖြေ ရေချိုးဆိပ်ကမ်းခြေတစ်ခုဖြစ်ပါသည်။ ညောင်ချောင်းသာကမ်းခြေ ရေချိုးဆိပ်ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကမ်းခြေတည်ရှိရာ ညောင်တုန်းမြို့သည် ရန်ကုန်မြို့နှင့် မိုင်ပေါင်း ၃၀ ခန့်သာကွာဝေးသည့် ရေချိုးဆိပ် ကမ်းခြေတစ်ခုဖြစ်သောကြောင့် ရုံးပိတ်ရက်များတွင် ရန်ကုန်မြို့မှနေ့ချင်းပြန် လာရောက်အပန်းဖြေသည့် ခရီးသွားများဖြင့် စည်ကားလေ့ရှိသည့် ကမ်းခြေတစ်ခုဖြစ်သည်။ ကမ်းခြေမှတစ်ဆင့် ညောင်တုန်းမြို့ရှိ သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီးနှင့် ဥသျှစ်လှစေတီတော်၊ အတုလမာရဇိန် ကြေးသွန်းဘုရားကြီးနှင့် နိုင်ငံအေးရုပ်ပွားတော်စသည့် သာသနာ့အရိပ်အဝန်းများသို့လည်း ဝင်ရောက်ဖူးမြော်နိုင်ပါသည်။