ရေပန်းဥယျာဉ်

Listing Description

ရေပန်းဥယျာဉ်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်-တောင်ညိုကားလမ်း၊ သပြေကုန်းရပ်ကွက်၊ နေပြည်တော်မြို့တော်ခန်းမအနီးတွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၆၅ ဧကရှိပြီး ၂၀၀၇ ခုနှစ် မေလတွင် စတင်တည်ဆောက်ကာ ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရေပန်းဥယျာဉ်ထဲတွင် နေပြည်တော်အနီးဝန်းကျင်က ငလိုက်ချောင်း၊ ချောင်းမကြီးချောင်း၊ ပလွေးချောင်း၊ ချောင်းမငယ်ချောင်း စသောနေရာများမှ တူးဖော်တွေ့ရှိခဲ့သော အလျားပေ ၄၀ မှ အကြီးဆုံး ၆၅ပေရှိသော သစ်တစ်လုံးထွင်း ပိန်းကောလှေကြီး ၄ စင်းကိုလည်း ပြသထားပါသည်။ ၎င်းအပြင်ရေပန်း ၃ ခုပါရှိသည့် ရေကန်ကြီးတစ်ကန် ၊ မတူညီကွဲပြားသည့် ရေပန်း ၁၃ ခုပါဝင်သည့်ရေကန်ငယ် ၁၁ ကန် လည်းရှိပါသည်။ ရေတံခွန်များ၊ သစ်ပင်ပန်းမန်များ၊ ရေပန်းသံစဉ်များဖြင့် သာယာလျက်ရှိသော ဥယျာဉ်တစ်ခုဖြစ်ပြီး သင့်တင့်လျောက်ပတ်သော အခကြေးငွေပေးဆောင်၍ ဝင်ရောက် အပန်းဖြေနိုင်ပါသည်။