ဘောဘောကြီးစေတီ

Listing Description

ဘောဘောကြီးစေတီသည် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့၏အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသော သရေခေတ္တရာပျူမြို့ဟောင်း၏ အနောက်တောင်ဘက် မြို့ရိုးအနီးတွင် တည်ရှိပါသည်။ သရေခေတ္တရာ ထွန်းကားစဉ်က ဒွတ္တဘောင်မင်းကြီးသည် သရေခေတ္တရာ၌ စေတီတော်ကိုးဆူ တည်ထားခဲ့ရာ ဘောဘောကြီးစေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ဉာဏ်တော်အမြင့်ပေ ၁၅၃ ပေမြင့်သည့် ဘောဘောကြီးစေတီကို ပစ္စယံငါးဆင့်ပေါ်ရှိ ပေ ၂၄၀ ကျယ်သော စက်ဝိုင်းပစ္စယံပေါ်၌ ပြောင်းတိုင်သဖွယ် တစ်ဖြောင့်တည်း မတ်မတ်တည်ထားပါသည်။ ဘောဘောကြီးစေတီသည် သရေခေတ္တရာရှိ စေတီသုံးဆူဖြစ်သော ဘောဘောကြီးစေတီ၊ ဘုရားကြီး‌စေတီနှင့် ဘုရားမာစေတီတို့အနက် ရှေးအကျဆုံးစေတီဖြစ်ပါသည်။