Amara Mountain Resort

Listing Description

ကလောမြို့၊ အနောက်ဘိုကုန်းရပ်၊ သီတာလမ်း၊ အမှတ် (၁၀/၁၈၂) တွင် တည်ရှိသည်။ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ သမိုင်းဝင် ကိုလိုနီခေတ်အဆောက်အအုံလည်းဖြစ်သည်။ ဟိုတယ်ဝင်းထဲတွင် ထင်းရှုးပင်များ၊ အရိပ်ရသစ်ပင်များ၊ ပန်းမျိုးစုံများဖြင့် ဝေဝေဆာဆာရှိသည်။ အခန်းများမှာလည်း ရှုခင်းကြည့်လို့ကောင်းစေရန် ဆောက်လုပ်ထားပြီး တစ်ချို့အခန်းများတွင် မီးလင်းဖိုလေးများ ပါရှိသည်။