ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားစက်ရုံ

Listing Description

ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ချီဖွေမြို့၏ တောင်ဘက် ၆ မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီးတည်ရှိပါသည်။ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံကို ၂၀၀၈- ၂၀၀၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၌ ပြီးစီး၍ ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများကို လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးနိုင်ခဲ့ပါသည်။ မေခမြစ်ထဲသို့ စီးဆင်းနေသော ချီဖွေချောင်းကို တာတမံပြုလုပ်ပြီး ၇ မိုင်ခန့် ရှည်လျားသော ဥမင်လှိုဏ်ခေါင်းမှ စက်ရုံအထိ ရေသွယ်တန်းကာ လျှပ်စစ်ထုတ်လုပ်လျက်ရှိပါသည်။ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံတွင် ၃၃ မဂ္ဂဝပ် ထုတ်လုပ်နိုင်သည့် စက်သုံးလုံး တပ်ဆင်ထားပြီး စုစုပေါင်း ၉၉ မဂ္ဂါဝပ်ထုပ်လုပ်ပေးလျှက်ရှိပါသည်။ ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ၆၆ ကေဗွီမိုးညှင်းဓာတ်အားခွဲရုံ၊ ဟိုပင်ခွဲရုံ၊ မိုးကောင်းခွဲရုံ၊ ဖားကန့်ခွဲရုံ၊ မြစ်ကြီးနားခွဲရုံ(၂/၃)တို့မှ တစ်ဆင့် ဒေသခံပြည်သူများအတွက် လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးလျက်ရှိပါသည်။