ရိုဟင်ဂျာတွေ မဲပေးခွင့်မရခဲ့တဲ့အပေါ် စိတ်ပျက်ကြောင်း မြန်မာ-ကနေဒါ သံရုံးထုတ်ပြန်

12-Nov-2020

နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားတချို့ မဲပေးခွင့်မရခဲ့တဲ့အပေါ် အလွန်စိတ်ပျက်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုမဲပေးခွင့်မရှိတာတွေကို အဆုံးသတ်နိုင်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်နိုင်ရေး ကြိုးပမ်းဖို့လိုတယ်လို့လည်း ကနေဒါသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးတွေအတွက် ကနေဒါနိုင်ငံအနေနဲ့ ဆက်လက်ထောက်ပံ့ကူညီမှုတွေ ပေးသွားမှာ ဖြစ်သလို အသစ်ရွေးကောက်ခံရမယ့် အရပ်သားအစိုးရနဲ့လည်း လက်တွဲဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားဖြစ်သူတွေသာ မဲပေးခွင့်ရှိတာဖြစ်ပါတယ်။

(၂၀၂၀)ပြည့်နှစ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် (၉)မြို့နယ်၊ ရှမ်းပြည်နယ်က (၆)မြို့နယ်နဲ့  တခြားတိုင်းနဲ့ ပြည်နယ်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတချို့မှာ ရွေးကောက်ပွဲမကျင်းပကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့တာကြောင့် အဲ့ဒီဒေသက မဲပေးခွင့်ရှိသူတွေ မဲပေးခွင့်ဆုံးရှုံးခဲ့ရပါတယ်။

Crd RFA