ရန်ကုန်ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းက ကလေးနဲ့ဝန်ထမ်းအချို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ

19-Nov-2020

ရန်ကုန် ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းက ကလေး(၂၉) ဦးနဲ့ ဝန်ထမ်း (၁၁)ဦးမှာ COVID-19 ရောဂါပိုးကူးစက်ခံထားရလို့ ကျန်တဲ့ဝန်ထမ်းတွေနဲ့ ကလေးတွေကိုလည်း စစ်ဆေးတာတွေလုပ်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လဲ့ရည်ဝင်း က ဘီဘီစီကိုအတည်ပြုပါတယ်။

လက်ရှိမှာ ရောဂါပိုးတွေ့ရှိထားတဲ့ ကလေးတွေနဲ့ ဝန်ထမ်းတွေကို ရိုးမရိပ်သာ(၁) ကိုဗစ်ကုသရေး စင်တာမှာထားရှိ ကုသပေး နေတယ်လို့ပြောပါတယ်။ ကျောင်းမှာကလေးဦးရေ(၁၈၀)ရှိလို့ ကျန်တဲ့ကလေးတွေကိုလည်း စစ်ဆေးတာတွေလုပ်ပေးနေသလို ထပ်မံကူးစက်တာ မဖြစ်ဖို့ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

လူကယ်ပြန် လက်အောက်က စောင့်ရှောက်ရေးကျောင်းတွေနဲ့ဂေဟာတွေအားလုံးမှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေး အထူးကြပ်မတ် ဖို့ ကိုလည်း ပြည်ထောင်စုဝန်ကြီးက အရေးပေါ်အစည်းအဝေးခေါ်ကာ မှာကြားထားတယ်လို့ဆိုပါတယ်။အခုလ(၁၇)ရက်ကစပြီး ကျိုက်ဝိုင်းသင်တန်းကျောင်းက ကလေးတွေနဲ့ဝန်ထမ်းတွေဟာဖျားနာနေလို့စစ်ဆေးကြည့်တဲ့အခါမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရတာပါ။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- ဧရာဝတီဖောင်ဒေးရှင်း