ကိုဗစ်-၁၉ လူနာများအားကုသရန် ဆေးရုံသစ်ကြီးကို ငါးရက်အတွင်း တရုတ်ဆောက်လုပ်ပြီးစီး

18-Jan-2021

ပေကျင်း  ဇန်နဝါရီ   ၁၇

တရုတ်နိုင်ငံတွင်  ကိုဗစ်- ၁၉ ရောဂါ ထပ်မံဖြစ်ပွားမှုကို တိုက်ဖျက်ရန် အတွက် ကိုဗစ်- ၁၉ လူနာများအား ကုသမည့် အခန်းပေါင်း ၁၅၀၀ ရှိသည့် ဆေးရုံသစ်ကို ဆောက်လုပ်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွား မှုကို တရုတ်နိုင်ငံအစိုးရက ထိန်းချုပ်ရ ခက်ခဲသည့် ရောဂါအဖြစ် ဖော်ပြခဲ့သည်။ အဆိုပါဆေးရုံသစ်သည် တရုတ်နိုင်ငံတောင်ပိုင်း ဟီဘေးပြည်နယ် နန်ဂွန်းတွင် ဆောက်လုပ်ထားသည့် ဆေးရုံခြောက်ခုအနက်တစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်   နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ စတင်ကူးစက်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကို အစိုးရက  ကြိုးစား ထိန်းချုပ်နိုင်ခဲ့ပြီး   ဖြစ်သော်လည်း ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလမှစတင်ကာ ရောဂါကူးစက်မှုများ ထပ်မံတိုးပွားလာခဲ့သည်။ နန်ဂွန်းနှင့် ဟီဘေး ပြည်နယ်  မြို့တော်  ရှီကျားကျွမ်း၌ ကိုဗစ်  -   ၁၉ လူနာ ၆၄၅ ဦးကို ကုသမှုပေးလျက်ရှိသည်။ အခန်း ပေါင်း ၃၀၀၀ ပါရှိသည့် ဆေးရုံသစ်ကို ရှီကျားကျွမ်း၌ ဆောက်လုပ်နေဆဲ ဖြစ်ကြောင်း  သိရသည်။

ကိုဗစ်- ၁၉ အစုလိုက်ကူးစက်မှုများသည် ပေကျင်းမြို့တွင် သာမက နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်နှင့် အရှေ့မြောက်ပိုင်းရှိ ဟေလုံကျန်းနှင့် လျောင်နင်းပြည်နယ် တို့တွင်လည်း တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့သည်။ နောက်ဆုံးဖြစ် ပွားသည့် ရောဂါကူးစက်မှုများမှာ ယခင်နှင့်မတူဘဲ ပိုမိုကူးစက်မှုမြန်ဆန် ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က ဖော်ပြသည်။

အေပီ