တနင်္သာရီတိုင်းမှာ မီတာခ လျှော့ချနိုင်အောင်လုပ်မယ်လို့ အနိုင်ရအမတ်ပြော

11-Nov-2020

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကြည်စိုး ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ညနေမှာ အတည်ပြုထုတ်ပြန်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံခဲ့ရတဲ့ ဦးကြည်စိုးက တနင်္သာရီတိုင်းတစ်ခုလုံးမှာ အဓိကရင်ဆိုင်နေရတဲ့ လျှပ်စစ်ဓာတ်အားခ ဈေးကြီးမြင့်မှုကို လျှော့ချနိုင်ပြီး ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်အောင် တက်လာမယ့်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။

ရေဖြူမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေးအပြင် ဖုန်းအဆက်အသွယ်လည်း ခက်ခဲနေတာကြောင့် ဖုန်းတိုင်တွေရှိလာဖို့နဲ့ တချို့ကျေးရွာတွေမှာ စာသင်ကျောင်းတောင်မှ မရှိသေးတာကြောင့် အဲဒီကိစ္စတွေကို ဦးစားပေးလုပ်ဆောင်သွားရမယ်လို့လည်း ဦးကြည်စိုးက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒေသတွင်းက သဘာဝအရင်အမြစ်တွေကို ဒေသခံတွေ အကျိုးရှိရှိ စီးပွားဖြစ်လုပ်ဆောင်နိုင်အောင် အသေးစား၊ အလက်စား စီးပွားရေးလုပ်ငန်းတွေဖြစ်လာအောင် စီမံဆောင်ရွက်ပေးသွားမယ်လို့ သူက ဆိုပါတယ်။

ဦးကြည်စိုးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့ပြီး လက်ရှိအချိန်မှာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်နေသူဖြစ်ပါတယ်။

RFA သတင်းထောက် ကိုဉာဏ်စိုးဝင်းက ဦးကြည်စိုးကို တွေ့ဆုံ မေးမြန်းထားပါတယ်။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။