သံလွင်တံတား(တာဆန်း) စီမံကိန်းပြီးဆုံးပါက တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံသို့ ပြည်တွင်းထုတ်ကုန်များ လျင်မြန်စွာတင်ပို့နိုင်မည်

28-Nov-2022

သံလွင်တံတားသစ်(တာဆန်း)စီမံကိန်းပြီးဆုံးပါက မြန်မာနိုင်ငံအလယ်ပိုင်းမှ ဒေသထွက်ကုန်များ၊ ကုန်စည်များကို ရှမ်းပြည်နယ်အရှေ့ပိုင်းသို့သာမက အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံများသို့ လွယ် ကူလျင်မြန်စွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း အဆိုပါ တံတားတာဝန်ယူတည် ဆောက်နေသည့် တံတားအထူးအဖွဲ့(၄)မှသိရသည်။

သံလွင်မြစ်ကူးတံတား(တာဆန်း) တံတားဟောင်းကို အသုံးပြုခဲ့ခြင်းမှာ နှစ်(၂ဝ)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် သံလွင်တံတားသစ် (တာဆန်း)အား တံတားအဟောင်းနှင့်ကပ်လျက်တွင် ၂ဝ၁၉ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတည်ဆောက်နေသည့် သံလွင်တံတား(တာဆန်း)သည် ရှမ်း ပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားသည့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်တွင်တည်ရှိပြီး နယ် စပ်မြို့များကို အဓိကဆက်သွယ်သွားလာနိုင်သည့်အတွက် အထူးအရေးပါသည့် တံတားတစ်စင်းလည်းဖြစ်သည်။

ယခုတည်ဆောက်နေသည့် ကြိုးတံတားသည် HS.25 Load Class အ မျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအလေးချိန် ၇၅ တန်ရှိပြီး လူသွားလမ်းအကျယ်(၁ မီတာ)တစ်ဖက်လျှင် ၃ ပေစီပါရှိပြီး ၂ဝ၂၄ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ကူးတံတားသစ်(တာဆန်း) ကြိုးတံတားတည်ဆောက်ရေးစီမံကိန်းအတွက် သြစတြီးယားနိုင်ငံ၊ UniCredit Bank မှ ယူရို ၈ ဒသမ ၄ သန်း ချေးယူရေးအတွက် ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်ကပြု လုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ချေးငွေဆိုင်ရာစည်းကမ်းချက်များအရ ချေးငွေသက်တမ်း ၂၈ နှစ်ဖြစ်ကာ ဆိုင်းငံ့ကာလ ၁၄ နှစ်၊ ပြန်ဆပ်ကာလ ၁၄ နှစ် ခြောက်လဖြစ်ကာ အတိုးနှုန်းမဲ့ဖြစ်ကြောင်း သိရသည်။

နမ့်စန်- မိုးနဲ- မိုင်းတုံ-မိုင်းဆတ် လမ်းမကြီးပေါ်တွင် တန် ၃ဝ အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာ လျက် ရှိသည့်အတွက် လမ်းပေါ်ရှိတံတားများခံနိုင်ဝန်ကိုလည်း တန် ၆ဝ အထိ အဆင့်မြှင့်တင်တည် ဆောက်ခြင်းလုပ်ငန်းများအား စီမံချက်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။