တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်

01-Jan-2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံ

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်)

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်)

၁။ ပြည်သူလူထုလိုလားတောင့်တသော ထာ၀ရငြိမ်းချမ်းရေးအောင်မြင်ပြီးမြောက်သည်အထိ  လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် COVID  - 19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို နိုင်ငံတော်မှ အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ  ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးခဲ့သည်။ ၎င်းအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာ၀ရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ တပ်မတော်နှင့်   တွေ့ဆုံဆွေးနွေးရန် ရှိလာပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။
၂။ သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ထာ၀ရငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို  ချောမွေ့အောင်မြင်စွာ   ဆောင်ရွက်နိုင်ရေးနှင့်   ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်လျက်ရှိသော COVID – 19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ရေး တို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ  ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။
                                                                   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး