ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အီးမေးလ်လိပ်စာ တိုက်ခိုက်ခံရ

09-Nov-2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ အီးမေးလ်လိပ်စာတစ်ခုဖြစ်တဲ့ [email protected] လိပ်စာဟာ ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ တိုက်ခိုက် ခံခဲ့ရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားပါတယ်။

အဆိုပါ အီးမေးလ်လိပ်စာ ကို တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၈ ရက်နေ့ ည ၈နာရီခွဲခန့်အချိန်မှာပဲ ပြန်လည်ရယူနိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

ကော်မရှင်ရဲ့အဆိုပါ အီးမေးလ်ကို တိုက်ခိုက်ခိုးယူခဲ့ပြီးနောက် မမှန်ကန်တဲ့အကြောင်းအရာတွေကိုလည်း ပေးပို့ခဲ့တာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဒီလိုမမှန်ကန်တဲ့အကြောင်းအရာတွေကိုအဆိုပါအီးမေးလ်လိပ်စာနဲ့ပေးပို့ထားတာတွေရှိပါကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖုန်း ၀၆၇-၃၄၀၄၃၁၅ ကိုဆက်သွယ်အတည်ပြုပေးကြဖို့ အသိပေးထားတာကိုလည်း တွေ့ရပါတယ်။

မနေ့က နိုဝင်ဘာ ၈ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တဲ့နေ့ဖြစ်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မနက်ပိုင်းအထိ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေအနက် အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပဲ နေရာအများစုမှာ ပြန်လည်အနိုင်ရထားတယ်လို့ သက်ဆိုင်ရာပါတီတွေကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပါဘူး။

#ဘီဘီစီမြန်မာပိုင်း

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။