ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကြွေးမြီသက်သာရေးအစီအစဉ် G20 မူချမှတ်

14-Nov-2020

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကြွေးမြီ သက်သာစေရေး အစီအစဉ် မူဘောင် တစ်ရပ်ကို G-20 နိုင်ငံတွေက သောကြာနေ့က သဘောတူချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြွေးမြီ အကျပ်အတည်းတစ်ဆင့်ပြီး ရိုက်ခတ်လာနိုင်တဲ့ အခြေအနေကို ဟန့်တားဖို့ မလုံလောက်ဘူးလို့တော့ ကြွေးမြီတွေ ပယ်ဖျက်ပစ်ဖို့အရေး စည်းရုံး လှုပ်ရှားသူတွေက ပြောပါတယ်။

နောက်နှစ်ဇွန်လအထိ ကြွေးမြီ ၆ လ ထပ်မံဆိုင်းငံ့ရေးကိစ္စကို G-20 နိုင်ငံတွေက ပြီးခဲ့တဲ့ လက သဘောတူညီထားခဲ့ကြတာပါ။

ဒီတစ်ပတ်တည်း ကျင်းပတဲ့ အစည်းအဝေးမှာတော့ G-20 အဖွဲ့ဝင် နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေ က ကြွေးမြီ ပေးဆပ်ရေးကာလ ပြန်လည်ရေးဆွဲ သတ်မှတ်ရေးနဲ့ ကြွေးမြီ လျှော့ချရေး လုပ်ဆောင်နိုင်ဖို့ ဘုံသဘောတူညီချက် မူဘောင်တစ်ရပ်ကို ချမှတ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံလည်း ပါဝင်တဲ့ ကမ္ဘာ့ အဆင်းရဲဆုံး ၇၃ နိုင်ငံအနေနဲ့ G20 အဖွဲ့ရဲ့ ကြွေးမြီ ဆိုင်းငံ့ရေး အစီအစဉ် (DSSI) အောက်က ကြွေးမြီ ပြန်လည် သတ်မှတ်ရေးဆွဲရေး ဆောင်ရွက်ရာမှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အခုရရှိတဲ့ သဘောတူညီချက် မူဘောင်ဟာ သမိုင်းဝင် သဘောတူညီချက်ဖြစ်တယ်လို့ ပြင်သစ် စီးပွားရေး ဝန်ကြီး Bruno Le Maire က ချီးကျူးခဲ့ပါတယ်။

ကမ္ဘာ့ အဆင်းရဲဆုံး ၇၃ နိုင်ငံတွေမှာ တင်ရှိနေတဲ့ ကြွေးမြီ ပြီးခဲ့တဲ့ နှစ်က ၉.၅ ရခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၇၄၄ ဘီလီယံ ရှိကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ လက ထုတ်ပြန်ထားပါတယ်။

အဲဒီ နိုင်ငံတွေရဲ့ ကြွေးရှင်နိုင်ငံ အများစုက G20 နိုင်ငံတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ချေးငွေ ပမာဏ ဒေါ်လာ ၁၇၈ ဘီလီယံအထိ ရှိပြီး အဲဒီ အထဲ တရုတ်တို့ရဲ့ ချေးငွေ ၆၃ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။

Crd VOA News