Joe Biden အောင်ပွဲကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်တွေ အားတက်

11-Nov-2020

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရကြောင်း ပြီးခဲ့တဲ့ စနေနေ့က ဂျိုးဘိုင်ဒန် ကြေညာခဲ့ပြီးတဲ့နောက် အာရှနဲ့ အာဖရိကမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ပါတယ်။ အဲဒီထဲမှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။

သူတို့ ရောက်ရှိနေတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့်မရကြတဲ့ ဒုက္ခသည်တွေအတွက် ဘိုင်ဒန် သမ္မတသက်တမ်းအတွင်း အမေရိကန်မှာ အခြေချခိုလှုံခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့ကြပါတယ်။

လူသိများတဲ့ တတိယနိုင်ငံမှာ အခြေချခိုလှုံခွင့်ရရေး လုပ်ငန်းစဉ်အရနေရပ်ကို ပြန်လို့မရသူတွေ၊ ဒါမှမဟုတ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေအပါအဝင် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်ပေါင်း အတော်ကြာကတည်းက လက်ခံခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတ Donald Trump တာဝန်မယူခင် ၂၀၁၆ ခုနှစ်ကနေ သူ့သက်တမ်းကာလ ၂၀၁၉ ခုနှစ်အတွင်း ဒုက္ခသည်တွေကို လက်ခံတဲ့အရေအတွက်ဟာ ၈၅၀၀၀ ကနေ ၃၀၀၀၀ ထိ လျော့ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်ကတော့ သူသမ္မတဖြစ်လာရင် ဒီလို ဒုက္ခသည်ဦးရေ လျော့ပြီးခေါ်ယူတာကို ဖျက်သိမ်းမယ်လို့ ကတိပေးထားပါတယ်။

Crd VOA News