ပန်းတိုင်မြင်ရတဲ့အချိန်မှာမှ ခလုတ်တိုက်တာမျိုး မဖြစ်စေချင်

01-Jan-2021

ကျွန်မတို့အနေနဲ့ အခုဆိုရင် အဓိက ဦးတည်နေတာကတော့ ကာကွယ်ဆေးပေါ့။ ကာကွယ်ဆေးကို လူ (၁၅) သန်းအတွက်၊ ဝယ်ယူဖို့အတွက် အခုကျွန်မတို့ အဖွဲ့တစ်ဖွဲ့ အိန္ဒိယနိုင်ငံမှာရောက်နေပါတယ်။ ဒီကာကွယ်ဆေးဝယ်ယူရေးကိစ္စတွေနဲ့ ပတ်သက်လို့ဆိုရင် နောက်တစ်ပတ်လောက်အတွင်းမှာ တိတိ ကျကျ ပိုပြီးတော့ သိရပါလိမ့်မယ်။ ကျွန်မတို့ဟာ ကာကွယ်ဆေးဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ၊ အားလုံး အဆင်သင့်ရှိပြီးပြီဆိုတာနဲ့ မကြာခင်ကာလမှာ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေစဖို့လည်း ကျွန်မတို့ စီစဉ်ထားပြီးပါပြီ။ တစ်တိုင်းပြည်လုံးမှာပေါ့။ ကျွန်မတို့က တစ်ဆင့်ပြီးတစ်ဆင့် ဦးစားပေးမှာဆိုတော့ ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးက ကျွန်မတို့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။ အဲဒါ ပြီးတော့မှ နောက် ကျွန်မတို့အနေနဲ့ နိုင်ငံအတွက်ရော၊‌ ပြည်သူတွေအတွက်ရော လိုအပ်ချက်အရ ကျွန်မတို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေး ရပြီးတာနဲ့လည်း လနဲ့ချီပြီးမှ ကျွန်မတို့ တစ်တိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးပေးလို့ပြီးမှာပါ။ ဒါကြောင့် ဒီကြားထဲမှာ သိပ်ပြီးတော့ သတိထားဖို့လိုပါတယ်။ ပန်းတိုင်မြင်ရတဲ့အချိန်မှာမှ ခလုတ်တိုက်တာမျိုး မဖြစ်စေချင်ပါဘူး။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၄-၁၂-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)