တောင်ကိုရီးယားနိုင်ငံ၌ တစ်နှစ်လျှင် စပွတ်ညစ်ခ်-ဗွီ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၁၅၀ ထုတ်လုပ်မည်

14-Nov-2020

မော်စကို နိုဝင်ဘာ    ၁၃

တောင်ကိုရီးယားနိုင်ငံ၌       တစ်နှစ်လျှင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး   စပွတ် ညစ်ခ်-ဗွီ အလုံးရေသန်း ၁၅၀ ထုတ်လုပ်ရန်   တောင်ကိုရီးယား ဇီဝနည်းပညာကုမ္ပဏီ GL Rapha နှင့်    သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း   ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က ယနေ့ ပြောကြားလိုက်သည်။

စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး ကို ယခုနှစ် ဒီဇင်ဘာလတွင် စတင်ထုတ်လုပ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖြန့်ဖြူးရန် နှစ်ဖက်အဖွဲ့အစည်းများက ရည်ရွယ်ကြောင်း ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူးရေး အာဏာပိုင်အဖွဲ့ဖြစ်သည့် Russian Sovereign Wealth Fund     က   ထုတ်ပြန်ချက်တစ်ခု အတွင်း   ပြောကြားသည်။   RDIF  နှင့်   GL Rapha တို့က     တောင်ကိုရီးယားနိုင်ငံ၌ တစ်နှစ်လျှင် ဗိုင်းရပ်စ်ကာကွယ်ဆေးအလုံးရေ  သန်း ၁၅၀ ကျော်   ထုတ်လုပ်ပြီး   ကမ္ဘာ့နိုင်ငံ များသို့     ဖြန့်ဖြူးမည်ဟု    ထုတ်ပြန်ချက်က ဆိုသည်။

စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး က    ၉၂ ရာခိုင်နှုန်း   ထိရောက်မှုရှိကြောင်း စေတနာ့ဝန်ထမ်း ၄၀၀၀၀ ဖြင့် ပြုလုပ်သည့် အဆိုပါကာကွယ်ဆေး၏ အဆင့်(၃) လက်တွေ့ စမ်းသပ်မှုရလဒ်များကို ကိုးကား၍ RDIF က ပြောကြားသည်။ “ကမ္ဘာ့နိုင်ငံအများအပြားက စပွတ်ညစ်ခ်-ဗွီ   ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကာကွယ်ဆေးအစီအစဉ်မှာ     ထည့်သွင်းဖို့ စီစဉ်နေပါတယ်” ဟု    RDIF   အမှုဆောင် အရာရှိချုပ် ကီရေးလ်ဒီမီထရိဗ်က ပြောကြား ခဲ့သည်။

RDIF က ကမ္ဘာ့နိုင်ငံ ၅၀ ကျော်မှ စပွတ် ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး   အလုံးရေ ၁ ဒသမ ၂ ဘီလီယံ ဝယ်ယူမည့် အမှာစာများ လက်ခံရရှိခဲ့ရာ ပြည်ပရှိ ဗိုင်းရပ်စ်ကာကွယ် ဆေး ထုတ်လုပ်ရေးစက်ရုံများ၌ ထုတ်လုပ်မှု တိုးမြှင့်ရန် စဉ်းစားနေကြောင်း ထုတ်ပြန်ချက် အရ သိရသည်။ စပွတ်ညစ်ခ်-ဗွီသည် တစ်ကမ္ဘာ လုံးတွင် ပထမဆုံးသော ဗိုင်းရပ်စ်ကာကွယ် ဆေးဖြစ်ပြီး ရုရှားနိုင်ငံက သြဂုတ် ၁၁ ရက်တွင် တရားဝင် မှတ်ပုံတင်ခဲ့သည်။

ရုရှားနိုင်ငံ ဂါမာလီယာ ကူးစက်ရောဂါ ဆိုင်ရာ   သုတေသနအဖွဲ့က  ထုတ်လုပ်သည့် စပွတ်ညစ်ခ်-ဗွီ   ဗိုင်းရပ်စ်ကာကွယ်ဆေးမှာ လက်ရှိ တွင် အဆင့်(၃) လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ပြီးဖြစ်သည်။

 ကိုးကား - စပွတ်ညစ်ခ်

ဘာသာပြန် - ကျော်ထိုက်စိုး