နေပြည်တော် ပုဗ္ဗသီရိမှာ NLD နိုင်

09-Nov-2020

နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် NLD ပါတီက အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲ မဲရေတွက်မှုကို စောင့်ကြည့်နေတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းက ပြောပါတယ်။

NLD ကိုယ်စားလှယ်လောင်း ဦးရည်မွန်က ၁၀၅၀၃ မဲအသာနဲ့ အနိုင်ရရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ မဲရလဒ်တွေကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။