မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့်အမှတ်(၃၁/၂၀၂၀)

11-Sep-2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
အမိန့်အမှတ်(၃၁/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၀ ရက်

ပြည်သူများသိရှိလိုက်နာရန် အသိပေးကြေညာချက်ထုတ်ပြန်ခြင်း

၁။ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော CoVID-19 ရောဂါ အတည်ပြုလူနာများတွေ့ရှိခဲ့ရပြီး ၎င်းတို့မှဆင့်ပွားကူးစက်သူ အချို့သည် အခြားသောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ရောဂါဖြစ်ပွားလျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီးမှ ရောဂါဖြစ်ပွားလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အမိန့်အမှတ်(၉၇/၂၀၂၀)၊ အမိန့်အမှတ် (၁၀၀/၂၀၂၀)နှင့် အမိန့်အမှတ်(၁၀၂/၂၀၂၀)ဖြင့် အောက်ပါမြို့နယ်များကို နေအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာခဲ့ပြီးဖြစ်ပါသည်-
(က) ရခိုင်ပြည်နယ်ရှိမြို့နယ်အားလုံး

(ခ) သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

( ဂ) အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဃ) မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(င) သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(စ) လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဆ) ပုစွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဇ) မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဈ) တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ည) တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဋ) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဌ) ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဍ) ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဎ) လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဏ) စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(တ) ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊

(ထ) မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဒ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဓ) ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(န) ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊

(ပ) ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဖ) ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဗ) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဘ) အလုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(မ) ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ယ) ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ရ) ဒေါပုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(လ) လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
(၀) လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

၃။ မန္တလေးတိုင်းဒေသကြီးတွင်  Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကျုံး ဝင်ကြောင်း သတ်မှတ်ထားသည့်မြို့နယ်များမှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီးမှ နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့်မြို့နယ်များသို့ သွားရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက် လာသူများအား အောက်ပါအချက်များကို စိစစ်ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်လိုက်သည်-

(က) နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင်အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့်မြို့နယ်များမှ လာရောက်သူများ

(၁) မည်သည့်အကြောင်းကိစ္စဖြင့်လာရောက်သည်ဖြစ်စေ မိမိနေထိုင်ရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် နေထိုင်ကြောင်းထောက်ခံစာ ယူဆောင်လာရန်၊

(၂) တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးဦး၏ ခွင့်ပြုချက်မပါရှိဘဲလာရောက်ပါက သို့မဟုတ် လာရောက်ရန်ခေါ်ယူကြောင်း အကြောင်းကြားစာ ပြသနိုင်ခြင်းမရှိဘဲ လာရောက်ပါက တိုင်းဒေသကြီးမှပြင်ဆင်ထားသော Community Based Facility Quarantine Center များတွင် (၁၄)ရက်နေထိုင်၍ Quarantine ကာလအတွင်း ဓါတ်ခွဲနမူနာ(၂)ကြိမ် ရယူစစ်ဆေးမှုကို ခံယူကာ ဓါတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine poupos Community Based Facility Quarantineနေရာတွင် (၇)ရက် နေထိုင်ပြီးမှသာ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ဝင်ရောက်ရန်၊

(၃) နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်းသတ်မှတ်ထားသည့်မြို့နယ်များတွင် နေထိုင်သော်လည်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်ရန် အကြောင်းကြားစာရရှိသူများအနေဖြင့် သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇)ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင်လည်းကောင်း၊ (၅)ရက်မြောက်နေ့တွင်လည်းကောင်း နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်းအဖြေရရှိမှသာ သက်ဆိုင်ရာ နေရာဒေသသို့ သွားရောက်ရန်၊

(၄) နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်းသတ်မှတ်ထားသည့်မြို့နယ်များတွင် နေထိုင်သော်လည်း ၎င်းတို့နှင့် သက်ဆိုင်သောလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များမှ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇)ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင်လည်းကောင်း၊ (၅)ရက်မြောက်နေ့တွင် လည်းကောင်း နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှု ခံယူကာ ရောဂါမရှိကြောင်းအဖြေရရှိမှသာ သက်ဆိုင်ရာ နေရာဒေသသို့သွားရောက်ရန်၊

(၅) နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်းသတ်မှတ်ထားသည့်မြို့နယ်များတွင် နေထိုင်သော်လည်း တာဝန်ထမ်းဆောင်ရန် မြို့နယ်ပြင်ပသို့သွားလာခွင့်ရှိသည့် အဖွဲ့ အစည်းများနှင့် ကုမ္ပဏီ များမှဝန်ထမ်းများ မန္တလေးတိုင်းဒေသကြီးရှိ ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းများဆောင်ရွက်ရန် လာရောက်လိုပါက သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇)ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင်လည်းကောင်း၊ (၅)ရက်မြောက်နေ့တွင်လည်းကောင်း နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှာသာ သက်ဆိုင်ရာ နေရာဒေသသို့ သွားရောက်ရန်။

(ခ) မန္တလေးတိုင်းဒေသကြီးမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ်ထားသည့်မြို့နယ်များသို့ သွားရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည် ဝင်ရောက်လာသူများ

(၁) မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာပါက မည်သည့်မြို့နယ်များသို့ သွားရောက်ခဲ့သည်ကို အထောက်အထားဖြင့် တင်ပြရန်၊

(၂) မည်သည့်မြို့နယ်များသို့ သွားရောက်ခဲ့ကြောင်း အထောက်အထားခိုင်လုံစွာမတင်ပြနိုင်သူများ၊ နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ် ထားသောမြို့နယ်များသို့ သွားရောက်ခဲ့သူများကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများတွင် (၁၄)ရက် နေထိုင်၍ Quarantine ကာလအတွင်း ဓာတ်ခွဲနမူနာ (၂)ကြိမ် ရယူစစ်ဆေးမှုခံယူကာ ဓာတ်ခွဲ အဖြေတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine (၇)ရက်နေထိုင် ပြီးမှသာ မန္တလေးတိုင်းဒေသကြီးရှိ သက်ဆိုင်ရာမြို့နယ်ရှိ နေရပ်သို့သွားရောက်ရန်။ ။

၄။ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သောမြို့နယ်များမှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများအနေဖြင့် မည်သူမဆို ဓာတ်ခွဲစစ်ဆေးရာ၌ ကုန်ကျမည့် စရိတ်အားလည်းကောင်း၊ Community Based Facility Quarantine ဝင်ရောက်နေစဉ်ကာလ အတွင်း ကုန်ကျစရိတ်အားလည်းကောင်း နေပြည်တော်မှကောက်ခံသည့်နှုန်းထားအတိုင်း ကာယကံရှင်မှ ကျခံရမည်ဖြစ်ပါသည်။

၅။ နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကျုံးမဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များမှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်လိုသူများအနေဖြင့် မန္တလေး တိုင်းဒေသကြီးစစ်ဆေးရေးအဖွဲ့များ၏ ကျန်းမာရေးစစ်ဆေးမှုခံယူစေကာ သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာတွေ့ရှိပါက သက်ဆိုင်ရာဆေးရုံတွင် လိုအပ်သောဆေးကုသမှုကိုခံယူရန်ဖြစ်ပါသည်။

၆။ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးမဝင်သော မြို့နယ်များမှ ပြန်လာသူများ၊ ရောဂါဖြစ်ပွားခြင်းမရှိသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ ပြန်လာသူများအနေဖြင့် မန္တလေးတိုင်းဒေသကြီး စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးမှုခံယူပြီး သံသယ ဖြစ်ဖွယ်ရောဂါလက္ခဏာ တွေ့ရှိပါက သက်ဆိုင်ရာဆေးရုံတွင် လိုအပ်သောဆေးကုသမှုကိုခံယူရန် ဖြစ်ပါသည်။

၇။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ခရီးသည် ပို့ဆောင်ရေးယာဉ်များအားလုံး၊ ဘုရားဖူးယာဉ်များအားလုံး၊အပန်းဖြေခရီးသွားယာဉ်များအားလုံး၊အလည်အပတ်သွားရောက်သည့်ယာဉ်များအားလုံးအနေဖြင့် ပြည်တွင်းခရီးသွားလာခြင်းကို မပြုလုပ် ကြရန်ဖြစ်ပါသည်။

၈။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း)တို့မှ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးသို့သွားရောက်မည့် ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် မန္တလေးမြို့သို့ ဝင်ရောက်ခြင်း မပြုဘဲ အောက်ပါလမ်းများအတိုင်း သွားရောက်ရန်ဖြစ်ပါသည်

(က) ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှလာသော ခရီးသည်တင်ယာဉ်များအနေဖြင့် တံတားဦးမှတစ်ဆင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန် တိုင်းဒေသကြီးသို့လည်းကောင်း၊

(ခ) ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့မှလာသော ခရီးသည်တင်ယာဉ်များ အနေဖြင့် ပခုက္ကူ-ကျောက်ပန်းတောင်းမှတစ်ဆင့် ရန်ကုန်-မန္တလေးအမြန်လမ်း အတိုင်း ရန်ကုန်တိုင်းဒေသကြီးသို့လည်းကောင်း၊

(ဂ) ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှလာသော ခရီးသည်တင် ယာဉ်များအနေဖြင့် ပျော်ဘွယ်(ဘုရားငါးဆူ)မှတစ်ဆင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန်တိုင်းဒေသကြီးသို့လည်းကောင်း၊

(ဃ) ရှမ်းပြည်နယ်(မြောက်ပိုင်း)မှလာသော ခရီးသည်တင်ယာဉ်များအနေဖြင့်ပြင်ဦးလွင်-တံတားဦးအဝိုင်းမှတစ်ဆင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်းရန်ကုန်တိုင်းဒေသကြီးသို့လည်းကောင်း။

၉။ အထက်ပါကြေညာချက်များအား အများပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်း တင်ပြရန် ငြင်းဆန်သူများနှင့် နေရပ်လိမ်လည်ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့်နေရာများ မမှန်မကန်ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၀။ သို့ဖြစ်ရာ ဤအသိပေးကြေညာချက်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၀)ရက်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ဤအသိပေးကြေညာချက်သည် အတည်ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၆)ရက်ဖြင့်ထုတ်ပြန်ခဲ့သည့် အမိန့်အမှတ်(၃၀/၂၀၂၀)အား ဤအမိန့်ဖြင့် ကျော်လွန်ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

 

ဒေါက်တာဇော်မြင့်မောင်

ဝန်ကြီးချုပ်