နိုင်ငံတော်ပိုင် AW-139 အမျိုးအစားရဟတ်ယာဉ် XY-AFT

03-Nov-2020

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် အီတလီနိုင်ငံ Leonardo S.P.A. ကုမ္ပဏီနှင့် ရဟတ်ယာဉ်ဝယ်ယူရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်တွင် အီတလီနိုင်ငံရှိ ရဟတ်ယာဉ်ထုပ်လုပ်သည့် စက်ရုံတွင် ရဟတ်ယာဉ်ကို စစ်ဆေးလက်ခံခဲ့ပြီး ရဟတ်ယာဉ်ကို မလေးရှားနိုင်ငံရှိ ကုမ္ပဏီအလုပ်ရုံသို့ ပို့ဆောင်၍ ပြန်လည်တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီလတွင် ပြီးစီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဆိုက်ရောက်ခဲ့ပါသည်။

ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် နိုင်ငံတော် ကိစ္စရပ်များတွင် အသုံးပြုရန် ဝယ်ယူထားသော နိုင်ငံတော်ပိုင် AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်တွင် ရဟတ်ယာဉ်မှူး နှစ်ဦးနှင့် ခရီးသည် ၁၄ ဦး စုစုပေါင်း ၁၆ ဦး လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ ကျော် ပျံသန်းနိုင်ကာ မြေပြင်နှင့် ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများ ပါရှိသည်။

နိုင်ငံတော်ပိုင် ရဟတ်ယာဉ်ပျံသန်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမျိုးအစားတူ AW-139 ပျံသန်းအသုံးပြုလျက်ရှိသည့် Air Myanmar Avitation Service သို့ လုပ်ငန်းအပ်နှံသည့် စာချုပ် ချုပ်ဆိုဆောင်ရွက်ထားသည်။

 

မြန်မာ့တပ်မတော်၏ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ