မြန်မာနိုင်ငံကို ထောင်ပြောင်းချင်တယ် လို့ ဝင်းနဲ့ဇော် ‌ပြော

07-Nov-2020

ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ ဝင်းဇော်ထွန်းနှင့်ဇော်လင်း တို့နှစ်ဦးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မေတ္တာရပ်ခံချက်အရ ထိုင်းတပ်မတော်ရဲ့စီစဉ်မှုနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်နှစ်ခုကို နိုဝင်ဘာလ ၅ ရက်မှာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ရုံး ကတစ်ဆင့်ပေးပို့ခဲ့ပါတယ်။

ဒီရုပ်သံဖိုင်တွေထဲက ဝင်းနဲ့ဇော် ‌ရဲ့ပြောကြားချက်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲက အကျဉ်းထောင်သို့ ပြောင်းရွှေ့ခွင့်ရရင် မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံနိုင်မှာဖြစ်တယ်လို့ ဝင်းနဲ့ဇော် ‌က‌ပြောခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မိဘတွေထံ စာရေးသားဆက်သွယ်ခဲ့ပေမယ့် ပြန်စာရောက်မလာဘဲ အဆက်အသွယ်ပြတ်နေပြီး  မြန်မာနိုင်ငံမှာ COVID-19  ရောဂါကူးစက်မှု မြင့်မားနေလို့ မိဘတွေရဲ့ကျန်းမာရေးကိုလည်းစိုးရိမ်မိတယ်လို့ သူတို့နှစ်ယောက်ကပြောပါတယ်။

 ဒါ့အပြင် အကျဉ်းကျခံနေရစဉ် လေ့လာဖို့ မြန်မာနဲ့ အင်္ဂလိပ်စာအုပ်တွေလည်း ပို့ပေးစေလိုတယ်လို့ သူတို့ကပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၄ ရက် မှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ အွန်လိုင်းကတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့ရာမှာBang Kwang အကျဉ်းထောင်မှာအကျဥ်းကျနေတဲ့ ဝင်းနဲ့ဇော်ကို ကူညီဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ တပ်ချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - cincds

ဘီဘီစီ မြန်မာပိုင်း

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။