သေတ္တာထဲ ဝင်ရောက်ကစားရာမှ ပိတ်မိ၍ ကလေးသုံးဦး အသက်ရှူကြပ်သေဆုံး

29-Dec-2020

မော်လမြိုင်ကျွန်း   ဒီဇင်ဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဖိုးခမှီဒေါင့်ကျေးရွာတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကလေးသုံးဦး သေတ္တာထဲ ဝင်ရောက်ကစားကြရာမှ ပိတ်မိ၍ အသက်ရှူကျပ် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းက မိဘနှစ်ပါးစလုံးလယ်ထဲသို့သွားနေစဉ် မောင်ဖြိုးခန့်ကျော်(၈ နှစ်)၊ မောင်သက်တိုး အောင်(၆ နှစ်)နှင့်  မဝေဝေအောင် (၁ နှစ် ၈ လ)တို့ မောင်နှမသုံးဦးသည် နေအိမ်အတွင်းရှိ  သေတ္တာထဲ  ဝင်ရောက် ဆော့ကစားရာမှ အသက်ရှူကျပ်၍ သုံးဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးကလေးငယ် များအား မြို့နယ် ခုတင်(၁၀၀)ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးပြီး ကျိုက်ပိကျေးရွာ အုပ်စု ရဲစခန်းတွင် သေမှုသေခင်းဖွင့်   စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီတာအောင် (ပြန်/ဆက်)