မဲမသမာမှုတွေရှိတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကို မွန်မှာ ဆန္ဒပြ

30-Dec-2020

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက် အထွေထွေ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၂၀ လောက်က ရွေးကောက်ပွဲကော်မရှင်ကို ပါတီဝင်းအတွင်း ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဒီလထဲမှာပဲ မွန်ပြည်နယ် မုဒုံနဲ့ သံဖြူဇရပ် မြို့နယ်တွေမှာလည်း USDP ပါတီဝင်တွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတချို့နဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိခဲ့တယ်လို့ ရွေးကောက်ပွဲအပြီး ကြေညာချက်တွေ ထုတ်ခဲ့ကြပါတယ်။

တဘက်မှာလည်း USDP ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၂၀၀ ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းထားပါတယ်။

RFA