ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ AA ထုတ်ပြန်ချက်ကို တပ်ကြိုဆို

12-Nov-2020

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့ တပ်မတော်ကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်ကို တပ်မတော်က လက်ခံကြိုဆိုတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ တပ်မတော်အနေနဲ့လည်း တိုက်တွန်းမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

 နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ် ၁၅ နေရာအထိ ရှိခဲ့တာပါ။

 ရွေးကောက်ပွဲဖျက်သိမ်းခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ် ကိုးမြို့နယ်နဲ့ ရှမ်းပြည်နယ်က ၆ မြို့နယ်မှာ မဲဆန္ဒရှင် ၁.၃ သန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ပါတယ်။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။

ဒီဇင်ဘာလ မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ AA တောင်းဆို