ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များကို ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ထံသို့မျှဝေရန် အမေရိကန်ဆေးဘက်ဆိုင်ရာခေါင်းဆောင်များက သမ္မတထရမ့်အား တိုက်တွန်း

19-Nov-2020

ဆန်ဖရန်စစ္စကို နိုဝင်ဘာ ၁၈

ရွေးကောက်ပွဲအလွန် ကာလရောက်ရှိပြီဖြစ် သဖြင့် အမေရိကန်သမ္မတ ထရမ့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်များ အားလုံးကို ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ထံ သို့ ဝေမျှပေးရန်လိုအပ်ကြောင်း အမေရိကန် ထိပ်တန်းဆေးဘက်ဆိုင်ရာပညာရှင်များက ယမန်နေ့တွင် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ တိုက်တွန်းခဲ့သည်။

ဘိုင်ဒင်အဖွဲ့သည် အမျိုးသားကိုရိုနာ ဗိုင်းရပ်စ် ပူးပေါင်းဆောင်ရွက်ရေးဗျူဟာ အတွက် ပြင်ဆင်နေပြီး ပြည်နယ်နှင့် ဗဟို အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုများတွင် လစ်ဟင်းမှုများ လျော့နည်းနိုင်သမျှ လျော့နည်း စေရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်များကို မျှဝေပေးရန် ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ကုထုံး၊ စစ်ဆေးမှု၊ လေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်ပေးရေးစနစ်၊ ဆေးရုံခုတင်များ၏ ခံနိုင်ဝန်၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်များ ထိန်းသိမ်းပေး ထားမှုစတဲ့ အချက်အလက် အစစ်အမှန်တွေကို မျှဝေပေးမှသာလျှင် နောက်တက်လာမယ့် အစိုးရက ဘာတွေ ဆက်လုပ်ရမည်လဲဆိုသည့် အဖြေရမည်ဖြစ်ကြောင်း” အမေရိကန် ဆေးဘက်ဆိုင်ရာအသင်း၊ အမေရိကန်သူနာပြု များအသင်းနှင့် အမေရိကန်ဆရာဝန်များ အသင်းတို့ ပူးတွဲလက်မှတ်ထိုးကာ သမ္မတ ထရမ့်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ် သည်။

သမ္မတ ထရမ့်က ရွေးကောက်ပွဲတွင် ရှုံးနိမ့် မှုကို ဝန်ခံခြင်းမရှိသေးသည့်အတွက် ဇန်နဝါရီလ၌ သမ္မတအာဏာလွှဲပြောင်းရေးကို ချောချောမွေ့မွေ့မဆောင်ရွက်ပါက ကိုဗစ်-၁၉ ရောဂါကြောင့် အမေရိကန်တစ်ဝန်း သေဆုံးမှု နှုန်းတိုးလာမည်ဖြစ်ကြောင်း သတိပေးမှုများ လည်း ရှိနေသည်။

အမေရိကန်ပြည်ထောင်စုတွင် ဆောင်း ရာသီရောက်ရှိလာပြီး မကြာမီအချိန်အတွင်း ခရစ္စမတ်နှင့် နှစ်သစ်ကူးပိတ်ရက်များ ရောက်ရှိ လာမည်ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှုန်း ထပ်မံမြင့်တက်နိုင်သည်။ ထို့ပြင် ပြည်နယ် ၂၅ ပြည်နယ်၌ ဆေးစစ်မှုပြုထားသူများအနက်မှ ၁၀ ရာခိုင်နှုန်းမှာ ရောဂါကူးစက်မှုတွေ့ရှိ ထားခြင်းကြောင့် ဖြစ်သည်။

ကိုးကား-ဂါးဒီးယန်း

ဘာသာပြန်-မေလဲ့သင်