ဗြိတိန်နိုင်ငံထုတ် ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူရန် ဗီယက်နမ် သဘောတူညီမှုရယူထား

05-Jan-2021

ဟနွိုင်း ဇန်နဝါရီ ၄

ဗီယက်နမ်နိုင်ငံသည် ဗြိတိန် ဆေးဝါး ကုမ္ပဏီဖြစ်သည့် အက်စ်ထရာဇနီကာ မှ ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၃၀ ဝယ်ယူရန်အတွက် မှာယူထားကြောင်း ဗီယက်နမ်ကျန်းမာရေး အရာရှိတစ်ဦး က ဇန်နဝါရီ ၄ ရက်တွင် ပြောကြား သည်။

တခြား ကိုဗစ်- ၁၉ ကာကွယ် ဆေးများကို ဝယ်ယူရန်အတွက် လည်းကြိုးပမ်းလျက်ရှိကြောင်း ၎င်း ကပြောသည်။ လူဦးရေ ၁၅ သန်း အတွက် ကာကွယ်ဆေးရရှိရန် သဘောတူညီမှုတွင် လက်မှတ်ရေး ထိုပြီးဖြစ်ကြောင်း၊ ဆေးအရေအတွက် သန်း ၃၀ မှာယူထားကြောင်း ဗီယက်နမ် ဒုတိယကျန်းမာရေးဝန်ကြီး Truong Quoc Cuong က ဗီယက်နမ် သတင်းအေဂျင်စီသို့ ဇန်နဝါရီ ၄ ရက် တွင်ပြောကြားသည်။

ဒေသတွင်းအာဏာပိုင်များသည် တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ မှ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများနှင့်လည်း စေ့စပ်ညှိနှိုင်း မှုများ လုပ်ဆောင်နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ဗီယက်နမ်နိုင်ငံသည် ကိုဗက်အစီအစဉ် ဖြင့်လည်း ကိုဗစ် - ၁၉ ကာကွယ်ဆေး ကိုဝယ်ယူနိုင်ရန် မျှော်လင့်ထားသည်။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလလယ်တွင် ဗီယက်နမ်နိုင်ငံ၌ ပြည်တွင်းလုပ် ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမ အကျော့စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ခုနှစ် မေလတွင် အများပြည်သူ ရှေ့သို့ ချပြနိုင်မည်ဟု မျှော်လင့်ထား သည်။ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်း အထိ ဗီယက်နမ်နိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၄၉၄ ဦး ရှိပြီး သေဆုံးသူ ၃၅ ဦး ရှိသည်ဟု ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ