ဘော်လခဲမှာ ဝန်ကြီးဟောင်း ဦးစိုးသိန်း အနိုင်ရ

09-Nov-2020

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းဦးစိုးသိန်းဟာ ဘော်လခဲမြို့နယ် ပြည့်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပြိုက်ဘက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းကို မဲ ရာဂဏန်း အကွာနဲ့ အနိုင်ရရှိသွားတယ်လို့ NLD ကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းလင်းဦး ကဘီဘီစီ ကို နိုဝင်ဘာ ၉ရက် မနက် ၂ နာရီခန့်မှာ အတည်ပြုပါတယ်။

ဘော်လခဲမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ နေရာ ပြည်နယ်လွှတ်တော် ၂ နေရာအပါအဝင် ပြည်သူ့ လွှတ်တော်နေရာတွေ အားလုံး မှာ NLD ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဘော်လခဲမြို့နယ်က ယှဥ်ပြိုင်ခဲ့တဲ့နေရာ အားလုံး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့တယ်လို့လည်း သိရပါတယ် ။ ကယားပြည်နယ် ဘော်လခဲ က ၂၀၁၅ ခုနှစ်မှာ ဦးစိုးသိန်းက တစ်သီးပုဂ္ဂလ အဖြစ် အမျိုးသားလွှတ်တော် နေရာကနေ ဝင်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ဖူးပါတယ်။

‌ကယားပြည်နယ် ဘော်လခဲ မှာ မဲပေးသူ အရေအတွက် ၈၀၀၀ ခန့်ရှိပြီး တပ်တွင်းမဲရုံတွေက မဲပေးသူ ၁၀၀၀ကျော်ခန့်ရှိတယ်လို့လည်းရွေးကောက်ပွဲယှဥ်ပြိုင်ခဲ့တဲ့ NLD ကိုယ်စားလှယ်လောင်းကပြောပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။