အမေရိကန် ဒေါ်လာ ၂၀၀၀ အထိ ထောက်ပံ့ပေးမည့် ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်က အတည်ပြုပေး

30-Dec-2020

ဝါရှင်တန် ဒီဇင်ဘာ ၂၉

အမေရိကန်နိုင်ငံ၌ ဒုတိယအကျော့ ထောက်ပံ့မှုအစီအစဉ်အဖြစ် နိုင်ငံသား တစ်ဦးချင်းစီကို ဒေါ်လာ ၂၀၀၀ အထိ ပေးအပ်မည့် အစီအစဉ်ကို အောက်လွှတ်တော်တွင် ဒီဇင်ဘာ ၂၈ ရက် ကအတည်ပြုပေးလိုက်ကြောင်း သိရသည်။ နိုင်ငံသားတိုင်းကို ဒေါ်လာ ၆၀၀စီ ထောက်ပံ့သည့်အစီအစဉ်မှ ငွေကြေးပမာဏတိုးမြှင့်ပေးရန် အမေရိကန်သမ္မတထရမ့်က တောင်းဆိုပြီး နောက် မဲပေးမှု စတင်ခဲ့ခြင်းဖြစ်သည်။

ဥပဒေအဖြစ်အတည်ပြု ထောက်ပံ့ကြေးပေးအပ်မည့်ပမာဏနှင့်ပတ်သက်၍ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်အမတ်များကြား ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်ပေါ်ခဲ့ရာ၊ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ။

ဒေါ်လာ ၆ဝဝ ပေး ထောက်ပံ့ကြေးပေးမည့်ငွေကြေးကို ထပ်တိုးမပေးပါကထောက်ပံ့ရေး ဥပဒေကြမ်းတွင် လက်မှတ်မထိုးဟု သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့သည်။ တစ်ဦးချင်းစီအတွက် ဒေါ်လာ ၂၀၀၀ သို့မဟုတ် စုံတွဲများအတွက် ဒေါ်လာ ၄၀၀၀ အထိ ထောက်ပံ့ကြေးကိုတိုးမြှင့်ရန် လွှတ်တော်အမတ်များကို သမ္မတ ထရမ့်က တောင်းဆိုခဲ့သည်။ ဒေါ်လာ ၆၀၀ စီသာ ပေးခြင်းမှာ နည်းပါး လွန်းသည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

ဆင်ဟွာ