ဆုတောင်းရဘုရား

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် တည်ရှိသည်။ သက္ကရာဇ် ၁၂၆၅ ခုနှစ်တွင် ငါးမြို့စားမြို့ဝန်မင်းကတော်က ၎င်း၏ အိမ်နှင့်မြေကို ဘုရားတည်ကျောက်ဆောက်ရန် လှူဒါန်းခဲ့သဖြင့် ၁၂၇၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ရက်ကွက်ပြည်သူများက စုပေါင်း၍ ဘုရားတည်ကြသည်။ နန်းတွင်းသမားတော်ကြီး ဦးဘမိသားစုက ကျွန်းသားဆင်းတုတော်ကြီး ထုလုပ်လှူဒါန်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဆန်ကျရောက်သဖြင့် ကျွန်းသားရုပ်ပွားတော်ကြီးနှင့် ဂန္ဓကုဋိတိုက်ကြီး မီးလောင်ခံရသည်။ စစ်အပြီးတွင် ဘိလပ်မြေဆင်းတုတော်ကြီးနှင့်တကွ ဂန္ဓကုဋိတိုက်ပါ လှူဒါန်းပူဇော်သည်။ ဘုရားပွဲတော်ကို နှစ်စဉ် နတ်တော်လပြည့်ကျော် ၁ ရက်နေ့တွင် စည်ကားစွာ ကျင်းပသည်။