ရွှေဆံတော်စေတီ (ပြည်)

Listing Description

ရွှေဆံတော်စေတီသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၊ ဆံတော်ရပ်၌ သုဒဿနမည်သော တောင်ကုန်းငယ်တွင် တည်ရှိပါသည်။ ဉာဏ်တော်မှာ ထီးတော်မှ ဖိနပ်တော် (တတိယပစ္စယံ)အထိ ၁၂၇ ပေ၊ (၈၅ တောင်)၊ လုံးပတ်တော် ၈၈ ပေ ၈ လက်မ၊ ဖိနပ်တော် ၂၉၄ ပေ ရှိပါသည်။ ကကုသန်မြတ်စွာဘု ရား၏ ဒုကုဠ်တော်၊ ကောဏာဂုံမြတ် စွာဘုရား၏ အံသကိုဠ်တော်၊ ကဿပ မြတ်စွာဘုရား၏ခါးပန်းတော်၊ ဂေါ တမမြတ်စွာဘုရား၏ ဆံတော်လေး ဆူ၊ မွေရှင်တော်ရှစ်ဆူ၊ ဓမ္မခဏ်နိသီ နိုင်အခင်းတော်နှင့် အခြားဓာတ် တော်များ ကိန်းဝပ်စံပယ်တော်မူ လျက်ရှိခြင်းကြောင့် "လေးဆူ ဓာတ်ပျော်ရွှေဆံတော်" ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။ ပြည်ရွှေဆံတော်ဘုရားတွင် နှစ်စဉ်တပို့တွဲလပြည့်နေ့တိုင်း ရှေးရိုးအစဉ်အလာမပျက် ဉာဏ်ရိုးပူဇော်ပွဲ ကျင်းပကြပါသည်။