ရုံးအမှတ် (၁၀)၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

Listing Description

ဒီမိုကရေစီအုပ်ချုပ်ရေးခေတ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော် ကြိုးပမ်းလာခဲ့ရာ လွှတ်တော်ကဏ္ဍက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သည့်နည်းတူ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသစ်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနကို ဖွင့်လှစ်နိုင်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ ပါဝင်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၆) ၏ သဘောတူ ခွင့်ပြုချက်အရ ဖွဲ့စည်းခဲ့ပါသည်။