ရှင်အရဟံနေဝင်သိမ်တော်

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ မြို့ပတ်လမ်းအနီးတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ပွင့်လင်းထွန်းကားအောင် ရွက်ဆောင်ခဲ့သော ရှင်အရဟံမထေရ်မြတ် ဦးဆောင်၍ သမုတ်ခဲ့သည့် သိမ်များအနက် နေထွက်သိမ်၊ မွန်းတည့်သိမ်၊ နေဝင်သိမ်၊ သန်းခေါင်ယံသိမ်စသည့် သိမ်လေးသိမ်မှာ ထူးခြားသော သိမ်များဖြစ်ကြသည်။ ယခု ညောင်ကွဲရှိ သိမ်မှာ နေဝင်သိမ်ဖြစ်သည်။ နေဝင်သိမ်တော်အတွင်းရှိ ဆင်းတုတော်မှာ အရှေ့အရပ်သို့မျက်နှာမူ ကိန်းဝပ်လျက်ရှိပြီး သိမ်တော်၏မြောက်ဘက်တွင် အလောင်းစည်သူမင်း၏ သားတော် မင်းရှင်စော တည်ထားကိုးကွယ်ခဲ့သော ဂူကြီးကုန်းဂူဘုရား တည်ရှိသည်။ ပုသိမ်ကြီးမြို့နယ် အောင်ပင်လယ်တောင်ဘက်ရှိသိမ်မှာ နေထွက်သိမ်ဖြစ်သည်။ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရွာရှိ သိမ်မှာ မွန်းတည့်သိမ်ဖြစ်သည်။ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကျောင်းတိုက်အတွင်းရှိ သိမ်မှာ သန်းခေါင်ယံသိမ်ဖြစ်သည်။