ရှင်အရဟံမွန်းတည့်သိမ်တော်

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း၃၀ နှင့် မြို့ပတ်လမ်းထောင့်တွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ပွင့်လင်းထွန်းကားအောင် ရွက်ဆောင်ခဲ့သော ရှင်အရဟံမထေရ်မြတ် ဦးဆောင်၍ သမုတ်ခဲ့သည့် သိမ်များအနက် နေထွက်သိမ်၊ မွန်းတည့်သိမ်၊ နေဝင်သိမ်၊ သန်းခေါင်ယံသိမ်စသည့် သိမ်လေးသိမ်မှာ ထူးခြားသော သိမ်များဖြစ်ကြသည်။ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်ရှိ သိမ်မှာ နေဝင်သိမ်ဖြစ်သည်။ ပုသိမ်ကြီးမြို့နယ် အောင်ပင်လယ်တောင်ဘက်ရှိသိမ်မှာ နေထွက်သိမ်ဖြစ်သည်။ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကျောင်းတိုက်အတွင်းရှိ သိမ်မှာ သန်းခေါင်ယံသိမ်ဖြစ်သည်။