Yadana Talkie House Indian Restaurant

Listing Description

ကလောမြို့ ရတနာလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် တည်ရှိသည်။ ၁၉၄၈ ခုနှစ်ဝန်းကျင်တွင် Mr.Agga Sherazi မှ Art-Deco ပုံစံဖြင့် ရုပ်ရှင်ရုံအဖြစ် စတင်ဆောက်လုပ်ခဲ့သည်။ သို့သော် ဝင်ပေါက်တံခါးများအပေါ်ရှိ ကမ္ပည်းစာသည် ၁၉၅၃ ခုနှစ် ဟုတွေ့ရသည်။ ရုပ်ရှင်ပြသခြင်းအပြင် အခမ်းအနားများ၊ အထူးသဖြင့် မင်္ဂလာဧည့်ခံပွဲများအတွက် ခန်းမကို အသုံးပြုခဲ့သည်။ ပြည်သူပိုင်သိမ်းခြင်းမခံရမီအချိန်တွင် Sherazi သည် ယင်းအဆောက်အအုံအား Ram Kumarထံ ၁၉၆၂ ခုနှစ်တွင် ရောင်းချခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပိုင်ရှင်အသစ်များကို အဆောက်အအုံအား ငှားရမ်းခဲ့သည်။ ဆန်၊ ဆီနှင့် အခြားကုန်ပစ္စည်းများ သိုလှောင်ရန် ဂိုဒေါင်အဖြစ် ယင်းအဆောက်အအုံအား ပထမဦးစွာ အသုံးပြုခဲ့ကြသည်။ ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လွှဲပြောင်းရယူပြီး ပွဲများ၊ အခမ်းအနားများအတွက် ခန်းမကို အသုံးပြုခဲ့သည်။ ယခုအချိန်တွင် Ram Kumar ၏မြေးဖြစ်သူ Shankar က ယင်းအဆောက်အအုံအား ပိုင်ဆိုင်ပြီး စားသောက်ဆိုင်အဖြစ် ပြောင်းလဲခဲ့သည်။