သုဝဏ္ဏသျှံတောင်တော်

Listing Description

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့အနီးတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၆၂၂၀ ပေ မြင့်မားပါသည်။ ဇာတ်ကြီးဆယ်ဘွဲ့ပါ သုဝဏ္ဏသာမဇာတ်တော်ပါ အကြောင်းအရာများသည် ဤတောင်တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများယုံကြည်ချက်အရ သုဝဏ္ဏသျှံတောင်ဟု ခေါ်တွင်ကြသည်ဟု သိရသည်။ ထို့ပြင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့ရာ သာသနာ့အောင်မြေလည်းဖြစ်ပါသည်။ တောင်ထိပ်ရှိ ဘုန်းတော်ပြည့်ကျောင်းဝင်းအတွင်း မဟာမြိုင်ဆရာတော်ကြီး တည်ထားကိုးကွယ်ခဲ့သော ဘုန်းတော်ပြည့်ဘုရားနှင့် ထီးစေတီတို့ကို ဖူးမြော်နိုင်ပါသည်။