ရွှေမြင်တင်စေတီ

Listing Description

ရွှေမြင်တင်စေတီသည် ရှမ်းပြည်နယ်  မိုးမိတ်မြို့၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်ကွာဝေးသော တောင်တန်းပေါ်တွင်တည်ရှိသည်။ သက္ကရာဇ် ၉၄၉ ခုနှစ်တွင် သိုစန်ဘွား စော်ဘွားမှ တည်ထားကိုးကွယ်ခဲ့ပါသည်။ မိုးမိတ်မြို့၏ သမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး နှစ်စဉ်ဘုရားပွဲကျင်းပါသည်။